Android အတွက် lock screen အစားထိုး အခမဲ့ app ကို Microsoft မိတ်ဆက်

finish.jpg

Microsoft သည် lock screen ပေါ်တွင် အသုံးတည့်စေမည့် လုပ်ဆောင်ချက်များ၊ အသုံးဝင်မည့် shortcut များနှင့် လှပသည့် ဓာတ်ပုံများ ပါဝင်သော အခမဲ့ Android app တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

Picturesque Lock Screen ဟုခေါ်သော အဆိုပါ app ကို ဒုတိယမြောက် home screen တစ်ခုကဲ့သို့ အသုံးပြုနိုင်သည်။ ၎င်းတွင် scroll လုပ်နိုင်မည့် screen အများအပြား ပါဝင်ပြီး Bing search bar အပြင် စိတ်ကြိုက်ပြင်ဆင်နိုင်သည့် news feed နှင့် ရာသီဥတုအစီရင်ခံမှု တို့ကို ထောက်ပံ့ပေးထားသည်။ ထို့အပြင် device notification များနှင့် အသုံးပြုလေ့ရှိသည့် app များ၏ shortcut များ၊ settings toggle များကိုလည်း ထည့်သွင်းပေးထားသည်။

အဆိုပါ app သည် Bing homepage ဓာတ်ပုံများကို background အနေဖြင့် နေ့စဉ် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်သည်။ ယခင် Bing ဓာတ်ပုံများကိုလည်း swipe လုပ်ခြင်းဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Picturesque Lock Screen ကို အသုံးပြုလိုသူများ အနေဖြင့် Google Play Store မှတစ်ဆင့် အခမဲ့ download ရယူနိုင်သည်။

Ref: TheNextWeb