X Box 360 System 17150 အထိ JB ပြုလုပ်နိုင်

Xbox-360S-Console-Set-.jpg

X Box 360 အတွက် နောက်ဆုံးထွက်ရှိသော System 17150 အထိ Jailbreak ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။  X Box 360 Jailbreak ပြုလုပ်နည်းမှာ အကြမ်းအားဖြင့် ODE နည်းနှင့် RGH နည်းဆိုပြီး ရှိမည် ဖြစ်သည်။ X Box JB ရွေးချယ်ရာတွင် Motherboard နှင့် System version ပေါ်မူတည်ပြီး အစဉ်ပြောင်းလဲနိုင်သည်ဟု သိရသည်။ ယခင် JB ပြုလုပ်ပြီး စက်များ အနေဖြင့် version ပြန်မြှင့်ရာတွင်လည်း အခွေရော HDD ဖြင့်ပါ အသုံးပြုနိုင်သော နည်းလမ်းဖြင့် ပြုလုပ်ပေးကြောင်း သိရသည်။

Version မြှင့်တင်ပြီးပါက နောက်ဆုံးထွက်ရှိသော ဂိမ်းခွေများ အားလုံးကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ PHYO IT PLAZA (မန္တလး) ဖုန်း၊ ၀၂-၃၃၄၃၁ ၊ New Sony (ရန်ကုန်) ဖုန်း ၀၉-၅၁၆၁၇၀၇ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။