Red Dot ကို ရှာဖွေစို့ ပြိုင်ပွဲရက် တိုးမြှင့်

1.jpg

Red Dot ကိုရှာဖွေစို့ ပြိုင်ပွဲကို မူလ သတ်မှတ်ထားသောရက်မှ တိုးမြှင့်လိုက်ကြောင်း Red Dot မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Red Dot Logo နှင့် ဓါတ်ပုံရိုက်ကာ ငွေကျပ်တစ်သိန်း ရယူနိုင်မည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၄ ရက်အထိ သတ်မှတ်ထားရာမှ ဖေဖော်ဝါရီလ ၁၅ ရက်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ Red Dot အမှတ်အသားရှိ ဆိုင်တစ်ဆိုင်ကို တွေ့အောင်ရှာဖွေပြီး ယင်း Red Dot logo အမှတ်အသားနှင့်အတူ ပျော်ရွှင်ဖွယ် ဓာတ်ပုံတစ်ပုံ ရိုက်ယူရမည်ဖြစ်ကြောင်း၊ ယင်းဓါတ်ပုံ ရိုက်သူ၏ မိုဘိုင်းဖုန်းဘီလ်ကို ထိုဆိုင်တွင် ငွေဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ ဖုန်းဘီလ်ဖြည့်ကာ ငွေရပြေစာ ရယူထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယင်းပုံကို Red Dot ၏ Facebook page တွင်တင်ကာ အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။