Star Wars Old Republic Online ဂိမ်းသစ်ထွက်ရှိ

Star-Wars-Old-Republic-Online-.jpg

ယခင်က World of WarCraft ကဲ့သို့ လစဉ်ကြေးပေး၍ ကစားခဲ့ရသော Star Wars – The Old Republic ကို Game Client အခွေဝယ်ယူပြီးရုံဖြင့် Electronic Arts ၏ Official Server တွင် အခမဲ့ (Free to play) ကစားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

Dragon Age နှင့် Mass Effect တို့၏ developer BioWare မှ ရေးဆွဲထားခြင်းဖြစ်ပြီး Knights of the Old Republic ဇာတ်လမ်းအပြီး နှစ်ပေါင်း ၃၀၀ ကျော်နှင့် Star Wars ရုပ်ရှင်ဇာတ်ကားများ မတိုင်ခင် နှစ်ပေါင်း ၃,၅၀၀ ကျော်တွင် နေရာယူထားကြောင်း သိရှိရသည်။ ကစားသူအနေဖြင့် Galactic Republic နှင့် Sith Empire နှစ်နေရာမှ ရွေးချယ်နိုင်သလို character race နှင့် class ပေါ်မူတည်ပြီးလည်း mission အသစ်များ ကစားနိုင်မည် ဖြစ်သည်။ The Old Republic နှင့်အတူ Ghost Recon Online နှင့် How to Train your Dragon အစရှိသော Online ဂိမ်းသစ်များကို ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၅၄၁၇၂၇၂ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။