တရုတ်နှစ်သစ်ကူး အထူးအစီအစဉ် အနေဖြင့် Hyundai Motor Myanmar မှ အရောင်း မြှင့်တင်ရေး အစီအစဉ် ပြုလုပ်

ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကျရောက်မည့် နှစ်သစ်ကူးအချိန်ကို ဂုဏ်ပြု ကြိုဆိုသည့်အနေဖြင့် Hyundai Motor Myanmar မှ အထူးအရောင်းမြှင့်တင်ရေး အစီအစဉ်ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Chinese New Year Promotion အတွက် နာမည်ကြီး Hyundai ကားမော်ဒယ် ၆ မျိုးကို ပရိုမိုးရှင်း ကာလအတွင်း အတိုးမဲ့အရစ်ကျဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။ အဆိုပါ ကားအမျိုးအစားများမှာ Hyundai Sonata (2.0L, saloon), Azera (3.0L, sedan), SantaFe (2.2L, SUV), Elantra (1.6L, saloon), i-30 (1.6L, hatchback) နှင့် H100 (2.6L, light truck) တို့ ဖြစ်သည်။ အရစ်ကျကာလကို ၁ နှစ် (၁၂ လ) မှ ၃ နှစ် (၃၆ လ)  ရွေးချယ်ပေးသွင်းနိုင်မည် ဖြစ်သည်။ အရစ်ကျမဟုတ်ဘဲ လက်ငင်းဝယ်ယူမည်ဆိုပါက အထူး Discount များ ရရှိနိုင်မည် ဖြစ်သည်။ ပရိုမိုးရှင်းကာလကို ဇန်နဝါရီ ၂၀မှ ဖေဖော်ဝါရီ ၂၈ အထိ သတ်မှတ်ထားသည်။ ထို့အပြင် Customer များအနေဖြင့် မိမိတို့အတွက် ကံကောင်းစေသည်ဟု ယူဆသော နံပါတ်များရှိပါက ကားနံပါတ်ရွေးချယ်နိုင်မည့် အခွင့်အရေးလည်း ရရှိမည် ဖြစ်သည်။

အသေးစိတ် အချက်အလက်များကို အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် ဖုန်း ၀၁-၆၅၃၂၇၁၊ ၀၉-၄၂၁၀၀၂၀၅၁ နှင့် မန္တလေးရုံးခွဲ အမှတ် (၁၀)၊ လမ်း ၄၀၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးဖုန်း – ၀၂-၃၆၇၉၇ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။