Gray Market

Gray market ဆိုတာကတော့ ထုတ်ကုန်များကို ခွင့်ပြုချက်မရှိဘဲ ရောင်းချတဲ့ စုပေါင်းလုပ်ငန်းစနစ်ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

Gray market ထုတ်ကုန်များဟာ တရားဝင် ရောင်းချတဲ့ ထုတ်ကုန်များကို ဝယ်ယူခြင်းထက် တန်ဖိုး နည်းပါး နိုင်ပေမယ့် အရည်အသွေးကတော့ ညံ့နိုင်ပါတယ်။ ၎င်းထုတ်ကုန်တွေဟာ အတု ဖြစ်နိုင်သလို အစိတ်အပိုင်း အတုတွေ ပါဝင်တဲ့ ထုတ်ကုန်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ second-hand ထုတ်ကုန်နဲ့ second-hand ထုတ်ကုန်အစိတ်အပိုင်းပါဝင်တဲ့ ထုတ်ကုန်တွေဟာ ထုတ်ကုန် အသစ်နီးပါး တူညီပါတယ်။ အချို့သော ကိစ္စရပ်များမှာတော့ gray market ထုတ်ကုန်တွေဟာ တရားဝင်ပေမယ့် ဖြန့်ဖြူးရောင်းချမှုမှာတော့ တရားဝင်ခြင်း မရှိပါဘူး။ နောက်ပြီး အာမခံများ၊ အဆင့်မြှင့်တင်မှုများနဲ့ အခြားသော အထောက်အပံ့များဟာလည်း gray market ထုတ်ကုန်တွေမှာ အကျုံးမဝင်ပါဘူး။

Gray market ဆိုတဲ့ အသုံးအနှုန်းဟာ white market လို့ခေါ်တဲ့ တရားဝင် ထုတ်ကုန် ရောင်းချမှုနဲ့ black market နဲ့လို့ခေါ်တဲ့ တရားမဝင် ထုတ်ကုန်များ ရောင်းချမှုတို့ရဲ့ ကြားမှာရှိတဲ့ အနည်းငယ်ဒွိဟဖြစ်ဖွယ် အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။