Barcamp Yangon 2015 စတင်ကျင်းပ

10947322_10152958699426422_206552521148283187_n.jpg

Barcamp Yangon 2015 ကိုယနေ့နံနက် (၈) နာရီခွဲမှ စတင်ကာကျင်းပလျက် ရှိသည်။ယခုနှစ် ဘားကမ့်တွင်အွန်လိုင်းမှတ်ပုံတင်သူဦးရေ (၄၁၆၀ )ဦးရှိပြီး ကျား (၂၃၀၀) ကျော် နှင့် မ (၁၇၀၀) ကျော်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အရေအတွက်တွင် ယခုနှစ်မှ ဘားကမ့်တက် ရောက်ဖူးသူဦးရေ (၁၈၂၄) ယောက် ပါဝင်ကြောင်း၊ ကျား (၁၀၀၀) ၀န်းကျင်နှင့် မ (၈၀၀) ဝန်းကျင် ဖြစ်ကြောင်း ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။ Barcamp Yangon 2015 ကို ယနေ့မှ ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။