Samsung Galaxy A5

Samsung-Galaxy-A5-launch-1.jpg

အားသာချက်

အလူမီနီယံကိုယ်ထည်က ကိုင်တွယ်ရတာ အထူးပဲကောင်းမွန်လှပါတယ်။ ကင်မရာ စနစ်ပိုင်း မြန်ဆန်သလို ကြည်လင်ပြတ်သားမှု ရှိတာက ဒီဖုန်းရဲ့ အားသားချက်တွေထဲက တစ်ခုပါ။ ဖုန်းရဲ့ လုပ်ဆောင်ချက်ပိုင်းကလည်း မြန်ဆန်မှုရှိပြီး Screen ကလည်း အထူးတောက်ပမှု ရှိတဲ့အပြင် Screen BrightnessAuto နဲ့ကို နေရောင်အောက်မှာ ကောင်းစွာ အသုံးပြုနိုင်တာတွေ့ရပါတယ်။

အားနည်းချက်

နောက်ဘက်ကင်မရာက မျက်နှာပြင်နဲ့ တပြေးညီ မဟုတ်ပါဘူး။  သူ့အရင်ထွက်ခဲ့တဲ့ ဖုန်းတွေထက် ဒီဖုန်းရဲ့ ကင်မရာက ပိုပြီး အပြင်ကို ထွက်နေပါတယ်။ ဖုန်းကို ကျောနဲ့ ချထားရင်တော့ ကင်မရာထိခိုက်မှု မရှိအောင် အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ ပါးလွှာတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့အပြင် အလူမီနီယံကိုယ်ထည် ကအနည်းငယ်ချောမွေ့တဲ့အတွက် ဖုန်းအသုံးပြုစဉ်မှာ လက်ထဲက မတော်တဆလွတ်ကျနိုင်ပါတယ်။ အဲဒီအတွက် ဖုန်းကို ကာဗာနဲ့တွဲဖက်အသုံးပြုတာ ပိုစိတ်ချရပါတယ်။

ဒီဇီုင်း

ဖုန်းကိုယ်ထည်တစ်ခုလုံးဟာ သတ္ထုဖွဲ့စည်းမှု  ပုံစံမျိုးဖြစ်ပါတယ်။ အလေးချိန်ကလည်း ပေါ့ပါးတဲ့အပြင် ဖုန်းကိုကိုင်တွယ်ရတာ ကျစ်လစ်မာကျောမှုရှိမှာလည်းဖြစ်ပါတယ်။ အရွယ် အစားပိုင်းမှာတော့ ဖုန်းတစ်ခုလုံးရဲ့ အထက်အောက် အမြင့်ဟာ ၅.၄၈ လက်မ၊ ဘေးတိုက်အကျယ် ၂.၇၄ လက်မရှိပြီး အထူ ၀.၂၆ ရှိပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားဟာ လက်နဲ့ ကိုင်တွယ်အသုံးပြုချိန်မှာတော့ လက်ထဲမှာ အံဝင်ခွင်ကျရှိနေပြီး အလေးချိန်ကလည်း ပေါ့ပါးတဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။ နောက်ဘက်ကာဗာဟာအသေဖြစ်တဲ့အတွက် အလွယ် တကူ ဖြုတ်တပ်လုပ်လို့ရမှာ မဟုတ်ပါဘူး။

ကွန်ရက်

GSM ကွန်ရက်စနစ်သုံးဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်နှစ်ခုစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Sim Card ကတော့ Nano-SIM နှစ်ကတ်အသုံးပြုနိုင်တဲ့ Dual Sim အမျိုးအစား ဖုန်းဖြစ်ပါတယ်။

မြင်ကွင်း

Screen မြင်ကွင်းအကျယ် ၅.၀ လက်မရှိပြီး Super AMOLED Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 720 x 1280 Pixel ရှိမှာဖြစ်ပါတယ်။

နည်းပညာ

နည်းပညာပိုင်းမှာတော့ ကင်မရာပိုင်းဆိုင်ရာနဲ့ ဓာတ်ပုံပိုင်းဆိုင်ရာ နည်းပညာတွေအပြင် ဘက်ထရီပါဝါပိုမိုတာရှည်အသုံးပြုနိုင်တဲ့ နည်းပညာ၊ လုံခြုံရေးဆိုင်ရာနည်းပညာ၊ ကွန်ရက် ချိတ်ဆက်မှုပိုင်း ဆိုင်ရာ နည်းပညာသစ်တွေ ပါဝင်လာတာတွေ့ရပါတယ်။ နောက်ပြီး ဒီဖုန်းမှာ အရင်ဖုန်းတွေနဲ့မတူဘဲ ဖုန်းရဲ့ Themes ကို ၅ မျိုး လောက် ပြောင်းလဲ အသုံးပြုနိုင်ပါသေးတယ်။ Selfie ရိုက်ကူးခြင်းကို နဂိုနဲ့မတူဘဲ မြင်ကွင်းကျယ် Wide အနေနဲ့​ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်က ဖုန်းကနေ Selfie ရိုက်ကူးတဲ့အခါမှာ ဖုန်းကို ဘယ်၊ ညာတစ်ဖက် တစ်ချက်စီ အနည်းငယ်တိမ်းပေးလိုက်ရုံနဲ့ ဖုန်းကနေ နောက်ထပ် နှစ်ချက်အလိုအလျောက်ရိုက်ကူးပြီး ဓာတ်ပုံတွေကို မြင်ကွင်းကျယ် ပြောင်းလဲပေးတာဖြစ်ပါတယ်။ Selfie ရိုက်တဲ့အခါမှာလည်း ကင်မရာရှေ့မှာ လက်ဝါလေးထောင်ပြလိုက်တာလိုက်နဲ့ ၂ စက္ကန့်အတွင်း ဖုန်းကနေ အလိုအလျောက် ရိုက်ကူးပေးတဲ့စနစ် ကလည်း ဒီဖုန်းအသုံးပြုသူတွေ ထိတွေ့ရမယ့် နောက်ထပ်နည်းပညာ သစ်တစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုက Shot & More ပါ။ ဒီစနစ်က လည်း ရိုက်လိုက်တဲ့ ပုံထဲကနေ ကြည်လင်ပြတ်သားမှုအရှိဆုံးဖြစ်မဲ့ အပိုင်းတစ်ခုကို စိတ်ကြိုက်ပြန်လည် ရွေးချယ်နိုင်ဖို့ အတွက် ကင်မရာ ကနေ အလိုအလျောက် ပြုလုပ်ပေးတာဖြစ်ပါတယ်။ ဒီဖုန်းမှာ GIF အမျိုးအစား ဓာတ်ပုံတွေကို ရှေ့-နောက် ကင်မရာနှစ်ခုလုံးကနေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ကင်မရာစနစ်နဲ့ တွဲဖက်ပြီး Download လို့ခေါ်တဲ့ စနစ်တစ်ခု အပိုပါဝင်လာပါသေးတယ်။ ဒီစနစ်က Samsung ဖုန်းသုံးတဲ့သူတွေသာ ရယူနိုင်မဲ့ ဓာတ်ပုံပြင်တဲ့ဆော့ဖ်ဝဲကို Samsung ရဲ့ သဘောတူညီမှုနဲ့ Download လုပ်ကာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Studio လို့ခေါ်တဲ့ ဖုန်းမှာ Built-in ပါဝင်တဲ့ ဆော့ဖ်ဝဲသုံးပြီး ပုံပြင်ခြင်း၊ ဓာတ်ပုံတွေကို အစုလိုက်ဘောင်သွင်းခြင်း၊ ရိုက်ထားတဲ့ ပုံတွေထဲက အကောင်းဆုံးပုံကို ရွေးချယ်ခြင်း၊ ဗီဒီယိုတွေကို တည်းဖြတ်ခြင်းစတာတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။ လုံခြုံရေးအနေနဲ့ ကိုယ့်ရဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်း၊ အသံ Record နဲ့ ဖုန်းမှတ်ဥာဏ် ထဲက အချက်အလက်တွေကို Private Mode စနစ်နဲ့ သူများအလွယ်တကူ ကြည့်ရှုလို့မရအောင် ကာကွယ်ထားနိုင်မှာလည်း ဖြစ်ပါတယ်။ နောက်ပြီး ဖုန်းကို TV နဲ့ အလွယ်တကူ ချိတ်ဆက် အသုံးပြု နိုင်တဲ့ Screen Mirroring စနစ်ကလည်း ဖုန်းအသုံးပြုမှုကို ပိုမိုတွယ်ကျယ်စေတဲ့ နည်းပညာ ပဲဖြစ်ပါတယ်။ Quick Conect နဲ့ S Finderဆိုတဲ့ စနစ်တွေလည်း ဖုန်းသုံးစွဲမှု အတွေ့ အကြုံသစ်တွေ ရရှိစေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

CPU ကတော့ Quad-core 1.2GHz Cortex-A53 CPU ကိုအသုံးပြုထားပြီး ဂရပ်ဖစ်စနစ်အတွက်တော့ Adreno 306 GPU ကို ထည့်သွင်းအသုံးပြုထားတာပါ။ ဖုန်းမှတ်ဥာဏ်ကတော့ Internal Memory 16 GBပါဝင်ပြီး RAM ကတော့ 2GB RAM ပါ။ နောက်ထပ်မှတ်ဥာဏ် ထပ်တိုးအသုံးပြုဖို့အတွက် Micro SD Card 64GB ထိ တိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OS ကတော့ Android OS Version 4.4.4 (KitKat) ကို အသုံးပြုထားတာဖြစ်ပြီး ကင်မရာပိုင်းမှာတော့ နောက်ဘက်ကင်မရာဟာ 13 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 5 Mega Pixel ရှိပါတယ်။ Wi-Fi 802.11 a/b/g/n (Dual-band) စနစ်၊ Bluetooth 4.0A2DP စနစ်နဲ့ microUSB 2.0 စနစ်တွေကိုအသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-ion 2300 mAh ဘက်ထရီကိုအသုံးပြုထားတာပါတယ်။

သုံးသပ်ချက်

မျှော်လင့်ထားသလိုပါဘဲ Samsung Galaxy A5 က အလယ်အ လတ်တန်းဖုန်းတွေထဲမှာ စိတ်ကျေနပ်စရာတွေများစွာရှိတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ mid-range ဖုန်းမော်ဒယ်တွေထဲမှာ နောက် ဆုံးပေါ် Snapdragon 410 processor ကို အသုံးပြုထားတဲ့ဖုန်းလို့လဲ ပြောလို့ ရပါတယ်။ သူ့အရင်ထွက်ခဲ့တဲ့ High-end အမျိုးအစား Galaxy Alpha နဲ့ Galaxy Note 4 နှစ်မျိုး ကို ပေါင်းစပ် ဖန်တီးထားတဲ့ ဖုန်းလို့ ထင်ရလောက်ပါတယ်။ Galaxy Alpha နဲ့ Galaxy Note 4 တွေကို ဈေးသက်သက်သာသာနဲ့ သုံးရသလိုမျိုး ခံစားရမှာလည်းဖြစ်ပါတယ်။ သတ္တုကိုယ်ထည်၊ ပါးလွှားပေါ့ပါးတဲ့ ဒီဇိုင်းအပြင် သူ့မှာအသုံးပြုထားတဲ့ တခြား Hardware၊ Software နဲ့ ကင်မရာစနစ်တွေက သူ့ရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ အလယ်အလတ် ဖုန်းအမျိုးအစားထဲမှာ သုံးရတာတန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Samsung Brand Shop

Ph ;  09-731 54127

Price ; 395,000 Ks