Techno Life (Electronics, IT & Mobile Accessories Showroom) ၏ ဆိုင်ဖွင့်ပွဲနှင့် အထူးဈေးရောင်းပွဲ ကျင်းပ

10012983_10204080963684226_2225318437580506096_n.jpg

Techno Life (Electronics, IT & Mobile Accessories Showroom) ၏ ဆိုင်ဖွင့်ပွဲအခမ်းအနားနှင့် ပရိုမိုးရှင်း ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် Junction Mawtin Promotion Area ၌ ညနေ ၄ နာရီမှ ည ၈ နာရီအထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် မြန်မာနိုင်ငံအိုင်တီဈေးကွက်အတွင်းရှိ နာမည်ကြီး အိုင်တီပစ္စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Techno Life Showroom တွင် ဝယ်ယူနိုင်မည့် Discount Card များကိုလည်း ကံစမ်းမဲများ ဖောက်ပေးမည်ဖြစ်ကြောင်းသိရသည်။ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် တန်ဖိုးကြီး အိုင်တီပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည့် “Hourly Special Promotion” အစီအစဉ်လည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။