KDDI ၏ AU prepaid e money ကတ် ဝန်ဆောင်မှုပေးရန် စီစဉ်

Update-News_5.jpg

KDDI အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ AU prepaid e money ကတ် ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“AU Prepaid e money ကတ်ကို စတိုးဆိုင်တွေမှာ၊ ရှော့ပင်းစင်တာတွေမှာ အစရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟု KDDI မှ တာဝန်ရှိသူက ပြောသည်။

KDDI အနေဖြင့် AU WALLET အမည်ရှိ အဆိုပါ prepaid e money ကတ်ကို နိုင်ငံတကာဈေးကွက်တွင် ၂၀၁၄ ခုနှစ် မေလအတွင်းက စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါကတ်အား သုံးစွဲသူပေါင်း ငါးသန်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကတ်အား နည်းမျိုးစုံဖြင့် ငွေဖြည့်သွင်းနိုင်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။