Myanmar Mobile Money ဝန်ဆောင်မှုကို အွန်လိုင်း ငွေပေးချေစနစ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေ

Update-News_5.jpg

မိုဘိုင်းဖုန်းငွေကြေး ဝန်ဆောင်မှုစနစ်ဖြစ်သည့် Myanmar Mobile Money စနစ်အား အွန်လိုင်းငွေပေးချေစနစ် များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း Myanmar Mobile Money မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“Myanmar Mobile Money အနေနဲ့ အွန်လိုင်း Payment စနစ်တွေနဲ့ ချိတ်ဆက်နေပါတယ်။ ဘဏ်အချို့နဲ့လည်း ချိတ်ဆက် ဆောင်ရွက်ထားပြီးဖြစ်တယ် ” ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။

အွန်လိုင်း Payment စနစ်များနှင့် ချိတ်ဆက်ခြင်းအားဖြင့် မိုဘိုင်းဖုန်း အသုံးပြုကာ အွန်လိုင်းမှ ဈေးဝယ်နိုင်ခြင်း၊ ငွေပေးချေနိုင်ခြင်း အစရှိသည်တို့အား ဆောင်ရွက်နိုင်မည်ဖြစ်သည်။ Myanmar Mobile Money ဖြင့် သုံးစွဲနိုင်မည့် ဝန်ဆောင်မှုများမှာ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ တစ်ဦးနှင့် တစ်ဦးငွေလွှဲခြင်း၊ လစာပေးခြင်း၊ ဈေးဝယ်ခြင်း၊ ဖုန်းပြောခ ကိုယ်တိုင်ဖြည့်သွင်းခြင်း၊ အခြားသူမှ ဖုန်းပြောခဖြည့်ပေးခြင်း၊ အသေးစား ချေးငွေ လုပ်ငန်းများအတွက် အထောက်အကူပြုခြင်းတို့ ဖြစ်ကြောင်းသိရသည်။