Legrand အမှတ်တံဆိပ် Cable နှင့် UPS များ မိတ်ဆက်

1.jpg

Access Spectrum ကုမ္ပဏီနှင့် Legrand ကုမ္ပဏီတို့ ပူးပေါင်းကာ Legrand Cable နှင့် UPS များကို Park Rpyal Hotel တွင် မိတ်ဆက် ပြသခဲ့ကြသည်။

ရှေးဦးစွာ Access Spectrum မှ Managing Director ဦးတင်ထူးခိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် Legrand မှ Manager မစ္စတာ ဂျူလီယန်၊ မစ္စတာ စတန်လီထန်း၊ ဦးမျိုးသက်နှင့် ဦးဟိန်းထက်ဝေတို့မှ ကုမ္မဏီ Product များအကြောင်းကို ရှင်းပြခဲ့သည်။

Legrand အနေဖြင့် Modular UPS, Conventional UPS, Line Interactive, Daker DK, Megaline, TRIMOD HE, ARCHIMOD HE, Cabel များနှင့် အခြားသော ရုံးသုံး၊ လုပ်ငန်းသုံး Accessories များကို ထုတ်လုပ်ရောင်းချလျက် ရှိရာ ယခုအခါ မြန်မာနိုင်ငံတွင်လည်း ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းကို Legrand မှ တာဝန်ရှိသူ ဦးဟိန်းထက်ဝေက ပြောကြားသည်။

Legrand အမှတ်တံဆိပ် Cable, UPS နှင့် အခြားသော ရုံးလုပ်ငန်းနှင့် အဆောက်အဦများတွင် သုံးသည့် Networking Accessories များကို Access Spectrum ကုမ္ပဏီမှ Direct sale partner အဖြစ် ဖြန့်ချိ မည်ဖြစ်ကြောင်း သိရသည်။