ဆိုင်ကယ်တစ်စီးကို ဝယ်တော့မယ်ဆိုရင် … အပိုင်း (၂)

car-charger-.jpg

(၄) နောက်ဘက် Shock Absorber ကို စစ်ဆေးပါ – သူကလည်း အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အရင်က မော်ဒယ်တွေမှာတော့ နောက်ဘက် Shock Absorber ကို တစ်ယောက်စီး အတွက် အခြေအနေတစ်မျိုးနဲ့ နှစ်ယောက်စီး အနေအထားအတွက် အခြေအနေတစ်မျိုး ဖြစ်အောင် Mode နှစ်မျိုးခွဲပြီး Manual စနစ်နဲ့ ပြောင်းလဲ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာ တွေ့ ရပေမယ့် အခုတော့ နောက် ပိုင်းမှာ Shock Absorber တွေကို ပြန်ချိန်စရာမလိုဘဲ အခြေအနေ တစ်မျိုးတည်း အနေအထားနဲ့ ထုတ်လုပ်လာပါတယ်။ ဒီလို နောက်ဘက် Shock Absorber ကို စစ်ဆေးတဲ့ နေရာမှာ Shock Absorber ကနေ ပြန်လည် တုံ့ပြန်မယ့် အနေအထားကတော့ အရင်တစ်ပတ်က ပြောခဲ့တဲ့ ရှေ့ဘက် Shock Absorber ရဲ့ တုံ့ပြန်တဲ့ ပုံစံမျိုး အခြေအနေ သုံးမျိုးပဲဖြစ်မှာ ဖြစ်ပြီးတော့ စမ်းသပ် စစ်ဆေးပုံ အနေအထားလေးပဲ ကွဲတာကြောင့် ဘယ်လို စစ်ဆေးရမယ်ဆိုတာကိုပဲ ပြောပါ့မယ်။

နောက်ဘက် Shock Absorber ကို စစ်ဆေးမယ်ဆိုရင်တော့ ဆိုင်ကယ်ကို ဘေးထောက်ပါ မထောက်ဘဲ လက်နဲ့သာ ထိန်းပြီး မတ်ထားလိုက်ပါ။ ပြီးတော့မှ ဆိုင်ကယ်ရဲ့ နောက်ဆုံး ဖင်ထိုင်ခုံ လက်ကိုင်နေရာကနေ ဆိုင်ကယ်ကို အောက်ဘက်ကို ဖြည်းဖြည်းချင်း အနေအထားနဲ့ရော ဆောင့်လျက် အနေအထားနဲ့ပါ သုံးလေးကြိမ်လောက် ဖိချစစ်ဆေးလိုက်ပါ။ တုံ့ပြန်မယ့် အနေအထားကတော့ အရင်တစ်ပတ်မှာ ပြောထား ပါတယ်။ သူ့အတိုင်းပဲ Shock Absorber ကောင်း၊ မကောင်းဆိုတာကို အကဲဖြတ်ပြီး ဈေးဆစ်နိုင်မှာပါ။

(၅) မီးခိုးလိုက်၊ မလိုက်ကြည့်ပါ – နောက်တစ်ချက်ကတော့ ဆိုင်ကယ်ကို စက်နှိုးလိုက်ပါ။ ဆိုင်ကယ်ပေါ် တက်နေစရာ မလိုပါဘူး။ ဆိုင်ကယ်ရဲ့ ညာဘက် Exhaust ရှိတဲ့ဘက်ကနေ ဘေးတစောင်း အနေ
အထားနဲ့ ဆိုင်ကယ်ရဲ့ လီဗာကို ဆွဲတင်၊ ဆွဲချ ကစားကြည့်ပါ။ ဆိုင်ကယ် Exhaust ကနေ မီးခိုးလိုက်၊ မလိုက် စစ်ဆေးပါ။ မီးခိုး အနေအထားကတော့ အရောင် သုံးမျိုးထွက်လာနိုင်ပါတယ်။ အမည်းရောင်၊ အပြာရောင်နဲ့ အဖြူရောင် မီးခိုးတွေ ဖြစ်ပါတယ်။ အခု အပိုင်းက မီးခိုးတွေအကြောင်း အသေးစိတ် ပြောမှာမဟုတ်တော့ အကျယ်တ၀င့်တော့ မပြောတော့ပါဘူး။ ဘယ်လို မီးခိုးအရောင်ပဲထွက်ထွက် ဈေးချ ခိုင်းနိုင်ပါတယ်။ အထူးသဖြင့် မီးခိုးထွက်နှုန်းအနည်း၊ အများ အပေါ်ကို အခြေခံပြီးတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ခြွင်းချက်တစ်ခု ရှိတာကတော့ အမည်းရောင် မီးခိုးထွက်ရှိမှုကတော့ သိပ်ပြီး ပြဿ     နာ မရှိတာဘဲ ဖြစ်ပါတယ်။

(၆) ဆိုင်ကယ်ကို စမ်းသပ် မောင်းနှင်ပါ – Exhaust ကနေ မီးခိုးထွက်၊ မထွက် ကြည့်ပြီးတဲ့ နောက်မှာတော့ ဆိုင်ကယ်ကို စမ်းမောင်းလို့ ရပါပြီ။ ကျွန်တော်တို့ ဆိုင်ကယ်ပေါ် တက်လိုက်ပါ့မယ်။ စက်နှိုးပြီး ဂီယာချက် နံပါတ်၁ ကိုထည့်ပြီး စထွက်ကြည့်ပါ။ လီဗာကို ဖြည်းညင်းစွာ ဆွဲပြီး ထွက်ပါ၊ အလိုက်မှန်၊ မမှန်  (ဆီ၊ လေ၊ ဆွဲနှုန်း ..) ခံစားကြည့်ပါ။ ပြီးမှ ဂီယာချက် ၁ ကနေ ၂-၃-၄ စသဖြင့် ပြောင်းလဲ ထည့်သွင်း မောင်းနှင်ပါ။ အဖြေးမောင်း အနေအထားကနေ အလိုက်မှန်၊ မမှန် ခံစားကြည့်ပြီးပြီ ဆိုရင်တော့ ဆိုင်ကယ်ကို ရပ်တန့်လိုက်ပါ၊ Free အနေအထား ဂီယာချက်ကို ထားပြီး ဂီယာချက် ၁ ကို ပြန်ထည့်ပါ၊ ဆိုင်ကယ်ကို အမြန်မောင်း ပုံစံနဲ့ တာထွက်ကြည့်ပါ။ ဘယ်လောက် အရုန်းကောင်းတယ်၊ မကောင်းတယ်ဆိုတာကို ခံစားကြည့်ပါ။ ဒီလို စမ်းသပ်မောင်းနှင်မှုကို ဆိုင်ကယ်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူ မောင်းနှင်ကြည့်တာက ပိုကောင်းပါ လိမ့်မယ်။ အလိုက်မမှန်ခြင်း၊ အရုန်းနည်းခြင်းအတွက်လည်း ဈေးနှုန်း လျှော့ချခိုင်းနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။