မိသားစုစီးကား Hyundai i-30

i30_exteior_blue.jpg

Hyundai i-30 ဟာ တောင်ကိုရီးယားနံပါတ်တစ် မော်တော်ယာဉ် ထုတ်လုပ်ငန်းကြီးဖြစ်တဲ့ Hyundai ရဲ့ ရောင်းအားကောင်း မိသားစုစီးကား အငယ်စား ဖြစ်ပါတယ်။ i-30 မျိုးဆက် နှစ်မျိုးရှိတဲ့အနက် ပထမမျိုးဆက်ကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက်ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ယနေ့ လက်ရှိအချိန်အထိ ထုတ်လုပ်ထားပါတယ်။ ဒုတိယမျိုးဆက် i-30 ဟာ ၂၀၁၃ ခုနှစ် တူရကီနိုင်ငံရဲ့ တစ်နှစ်တာ အကောင်းဆုံး Compact Wagon  ဆု၊ ၂၀၁၃ ခုနှစ် Australia နိုင်ငံရဲ့အမျိုးသားအဆင့် အကောင်းဆုံးကားဆု စတဲ့ ဆုအမြောက်အမြား ရယူထားနိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာဆိုရင်လည်း ဥရောပကားသစ် စိစစ်ရေးအစီအစဉ် (Euro NCAP) ရဲ့ လုံခြုံရေးဆိုင်ရာစစ်ဆေးမှုမှာ အမြင့်ဆုံးဖြစ်တဲ့ ကြယ်ငါးပွင့်အဆင့်ကို ရယူထားနိုင်ခဲ့ပါတယ်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

Hyundai i-30 မှာ GAMMA 1.6 MPi အင်ဂျင် တပ်ဆင်ပေးထားပါတယ်။ ဒီအင်ဂျင်ဟာ အမြင့်ဆုံးစွမ်းဆောင်ရည်အဖြစ် 6,300 rpm မှာ မြင်းကောင်ရေအား 130 ကို ရရှိစေပြီး အင်ဂျင်ရဲ့ တောင့် တင်းခိုင်မာမှုကြောင့် ဆူညံသံနဲ့ တုန်ခါမှုတွေကို လျှော့ချပေးပြီး ဖြစ်စေပါတယ်။ အမြန်နှုန်း ၆ ချက်နဲ့ အော်တိုဂီယာမှာ Sports Mode နဲ့ ဂီယာ အတင်အချ ပုံစံအသစ်ပါဝင်တဲ့အတွက် အားကစားဆန်တဲ့ စွမ်းဆောင်ရည်နဲ့ အထူးကောင်းမွန်တဲ့ လောင်စာဆီ သက်သာမှုကို ရရှိစေပါတယ်။

လုံခြုံရေး

i-30 မှာ Electronic Stability Control (ESC) စနစ် ပါဝင်ပါတယ်။ ယာဉ်ကို နောက်ဆုတ်ရပ်ဖို့ ကြိုးစားတဲ့အချိန်မှာ အခြား ယာဉ်တစ်စီးစီး ဒါမှမဟုတ် အတားအဆီး တစ်ခုခုနဲ့ အရမ်းနီးကပ်သွားရင် ယာဉ်အနောက်ပိုင်း ပါကင်ထိုးရာမှာ အကူအညီပေးတဲ့စနစ်က အသံပြုသတိပေးပါလိမ့်မယ်။ ယာဉ်အနောက်ပိုင်းမှာ တပ်ဆင်ထားတဲ့ Sliding ကင်မရာက ရိုက်ကူးတဲ့ ပုံရိပ်တွေကို နောက်ကြည့် မှန်မျက်နှာပြင်မှာပြသပေးမှာဖြစ်တဲ့အတွက် ကားပါကင် ထိုးချိန်မှာ အကူအညီဖြစ်စေသလို လမ်းကြောပြောင်းတဲ့ အချိန်မျိုးမှာလည်း မမြင်သာတဲ့ မြင်ကွင်းတွေ မရှိတော့အောင် ပြုလုပ်ပေးပါတယ်။ ပုံမှန် Hand ဘရိတ်ကို အစားထိုးထားတဲ့ အီလက်ထရစ် ပါကင်ဘရိတ်ဟာ အသုံးပြုရ လွယ်ကူသလို လုံခြုံမှုလည်း ရှိပါတယ်။ စုစုပေါင်း လေအိတ် ၆ လုံး ပါဝင်ပါတယ်။

အပြင်ပိုင်း

ရွေးချယ်နိုင်တဲ့ HID (High Intensity Discharge) ရှေ့မီးတွေက သာမန် Halogen မီးတွေထက်စာရင် ပိုပြီးကောင်းအောင် အလင်းထုတ်ပေးနိုင်ပါတယ်။ မီးကိုလည်း ပိုပြီးဝေးဝေး ထိုးပေးနိုင်တာကြောင့် ယာဉ်မောင်းသူအနေနဲ့ လမ်းပေါ်က အတားအဆီးတွေကို စောစောစီးစီး မြင်တွေ့နိုင်အောင် ကူညီပေးပါတယ်။ i 30 ကို စက်သပ်လိုက်တာနဲ့ ဘေးမှန်တွေဟာ အလိုအလျောက် ခေါက်သိမ်း သွားမှာ ဖြစ်ပါတယ်။ မြူနှင်းတွေကို အကောင်းဆုံး ထိုးခွဲနိုင်ဖို့ ကားကိုယ်ထည်အောက်ပိုင်းမှာ မြူခွဲမီးတွေကို တပ်ဆင်ထားပါတယ်။ ၁၇ လက်မ အလွိုင်းဘီးတွေဟာ စွမ်းဆောင်ရည်နဲ့ အားကစားဆန်တဲ့ ပုံစံကို ဖော်ကျူးပေးနေပြီး 225/45R17 တာယာတွေနဲ့ တပ်ဆင်ပါဝင်လာတာ ဖြစ်ပါတယ်။ လေကာမှန်ပေါ်က မိုးအာရုံခံ ကိရိယာဟာ မိုးရွာသွန်းတဲ့ ပမာဏကို ထောက်လှမ်းနေပြီး ဝိုက်ပါတွေကို အလိုအလျောက်ဖွင့်ပေးတာ၊ မိုးရွာသွန်းမှု ပမာဏပေါ် မူတည်ပြီး ဝိုက်ပါအမြန်နှုန်းကို ထိန်းတာမျိုးကို ပြုလုပ်ပေးပါတယ်။

အတွင်းပိုင်း

အဖြူရောင်နဲ့ အပြာရောင်အလင်းထွက် Graphic တွေ ပါဝင်တဲ့ အားကစားဆန်တဲ့ ရုပ်ထွက်နဲ့ ယာဉ်မောင်းရှေ့က ဒိုင်ခွက် အစုအဝေးဟာ ခေတ်မီပြီး အလွန် အသုံးဝင်ပါတယ်။ Electrochromic နောက်ကြည့် မှန်ဟာ နောက်ကားတွေရဲ့ စူးရှတဲ့ မီးတွေကို အလိုအလျောက် လျှော့ချပေးပြီး သူ့မှာ ပါဝင်တဲ့ စကရင်တစ်ခုကနေ ယာဉ်နောက်မှာ တပ်ဆင်ထားတဲ့ ကင်မရာက မြင်ကွင်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ကားရဲ့ Dashboard မှာ တပ်ဆင်ထားတဲ့ အသံစနစ်မှာ ရေဒီယိုနဲ့ CD တို့ပါဝင်ပြီး စပီကာစနစ်နဲ့ ချိတ်ဆက်ထားကာ အဆင့်မြင့် အသံအရည်အသွေးကို ထုတ်ပေးနိုင်ပါတယ်။ ယာဉ်မောင်းရှေ့ထိန်းချုပ်ခလုတ်တွေ ပါရှိတဲ့နေရာမှာ USB နဲ့ AUX ပေါက်တွေပါဝင်လာပြီး MP3, iPod, အခြား Mobile Storage Device တွေနဲ့ သယ်ဆောင်သွားလို့ ရတဲ့သီချင်းဖွင့်စက်တွေကို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

ကားရဲ့ အတွင်းပိုင်းကို အားကစားဆန်တဲ့ ဒီဇိုင်းပိုပြီး ပေါ်လွင်စေတာကတော့ တစ်ခုလုံးကို သားရေနဲ့ ချုပ်လုပ်ထားတဲ့ ဒိုင်ခွက်တွေအပေါ်က ကာဗာပဲ ဖြစ်ပါတယ်။ ဆလင်ဒါဒီဇိုင်းနဲ့ အရှိန်နှုန်း ပြဒိုင်ခွက်၊ RPM ပြဒိုင်ခွက်တွေကို ငွေရောင်အနားကွပ်တွေ တပ်ဆင်ပေးထားပြီး ကားရဲ့ အရေးကြီး အချက်အလက်တွေကို ဖော်ပြပေးတဲ့ ကာလာ TFT LCD မျက်နှာပြင် တစ်ခုလည်း ပါဝင်လာပါတယ်။

အဆင်ပြေလွယ်ကူမှု

နောက်ခုံတန်းရဲ့ ၆၀% ကို ချိုးချလို့ရတဲ့အတွက် ပစ္စည်းတွေ သယ်ဆောင်ရာမှာ အထူးအသုံးဝင်တဲ့အပြင် နောက်ခုံမှာ လူထိုင်လိုက်ပါဖို့ နေရာပါ ကျန်နေစေပါတယ်။

ပစ္စည်းတွေကို နေရာတကျ ရှိနေစေဖို့ နောက်ခန်းမှာပါရှိတဲ့ ပိုက်ကွန်နဲ့ချိတ်ကို အသုံးပြုနိုင်ပါတယ်။ i 30 ကို သော့အဖွင့်အပိတ် လုပ်ဖို့ စတိုင်ကျလှပတဲ့ Smart Key ပေါ်က ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။ စတီယာရင်ပေါ်က အသံထိန်းချုပ်ခလုတ်တွေ ပါရှိတဲ့အတွက် ဘယ်ဘက်လက်ကို အသုံးပြုပြီး စတီယာရင်ကနေ အသံစနစ်ကို ထိန်းချုပ်နိုင်ပါတယ်။ လက်ကိုင်ဖုန်းကို မကိုင်ဘဲ Bluetooth စနစ်ကနေတစ်ဆင့် ဖုန်းခေါ်ဆိုမှု၊ ဖြေဆိုမှုတွေပြုလုပ်နိုင်မှာဖြစ်ပြီး သီချင်းတွေကိုလည်း ကားရဲ့ စပီကာတွေဆီ ကြိုးမဲ့ ချိတ်ဆက်နားထောင် နိုင်ပါတယ်။ အပူအအေးအပြည့် အော်တို လေအေးပေးစနစ်ပါရှိပါတယ်။ ဒက်ရှ်ဘုတ်ထဲမှာလည်း အအေးခံအကန့်ငယ် ပါဝင်ပါတယ်။

ဈေးနှုန်းနှင့် ဝန်ဆောင်မှု

Hyundai i-30 ကို Hyundai Motor Myanmar Showroom မှာ ဝယ်ယူနိုင်ပြီး ဇန်နဝါရီလအတွင်း အရစ်ကျ ဝယ်ယူမယ်ဆိုရင် အတိုးနှုန်း လုံးဝမယူဘဲ ရောင်းချပေးမှာဖြစ်သလို လက်ငင်းဝယ်ယူမယ်ဆိုရင်တော့ အံ့အားသင့်ဖွယ် Discount တွေ ခံစားနိုင်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံကနေ တိုက်ရိုက်တင်သွင်းပြီး ၃ နှစ် (သို့မဟုတ်) ကီလို ၁ သိန်း အာမခံ ပေးထားပါတယ်။ အရစ်ကျဝယ်ယူနိုင်သလို သက်သာတဲ့ ဈေးနှုန်းနဲ့လည်း ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များကို Hyundai Motor Myanmar Showroom ရန်ကုန်မြို့ ဖုန်း ၀၁-၆၅၃၂၇၁၊ ၀၉-၄၂၁၀၀၂၀၅၁ နှင့် မန္တလေးမြို့ ဖုန်း ၀၂-၃၆၇၉၇ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။