AdwareMedic for Mac

2.jpg

AdwareMedic သည် Mac OS အသုံးပြုထားသည့် ကွန်ပျူ တာတွင် Adware များ ကပ်ညှိပါက ဖယ်ရှားရှင်းလင်းပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အသုံးပြုရန်အတွက် အလွန်ရိုးရှင်းပြီး Systeam Clean Up ကို အချိန်အနည်းငယ်အတွင်းတွင် ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။ AdwareMedic သည် System ပိုင်းတွင် မည်သည့်အရာကိုမှ ထပ်မံ Install ပြုလုပ်မည်မဟုတ်ဘဲ Adware များကိုသာ ရှာဖွေ၍ ရှင်းလင်းပေးသွားမည် ဖြစ်သည်။

အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 5.7 MB ခန့်သာရှိမည် ဖြစ်သည်။ Mac OS 10.7 မှ 10.10 အထိ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။