Secure Filebox (iOS)

1.jpg

Secure Filebox App သည် မိမိ၏ အချက်အလက်များကို အခြားသူများ ဝင်ရောက် ကြည့်ရှုခြင်းမပြုနိုင်ရန်အတွက် ဓာတ်ပုံများ၊ မက်ဆေ့ခ်ျများကို Encrypt ပြုလုပ်၍ သိမ်းဆည်းပေးထားနိုင်မည့် App တစ်ခုဖြစ်သည်။ အဆိုပါ App သည် Airdrop ကိုလည်း အထောက်အပံ့ပေးထားသဖြင့် မိမိ Encrypt ပြုလုပ်ထားသည့် ဖိုင်များကိုလည်း Airdrop ပေါ်မှ ဝေမျှနိုင်မည် ဖြစ်သည်။

အဆိုပါ App ကိုယခင်က iTunes Store တွင် ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည် ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ Secure FileboxကိုiOS Version 7.0 နှင့်အထက်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။  အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။