Red Dot Logo နှင့် ဓာတ်ပုံရိုက်ကာ ငွေကျပ်တစ်သိန်း ရယူနိုင်မည့်အစီအစဉ်ကို ဖေဖော်ဝါရီ ၄ ရက်အထိ ပါဝင်á

10885175_627369690728963_2911060136711725964_n.jpg

Red Dot Logo နှင့် ဓါတ်ပုံရိုက်ကာ ငွေကျပ်တစ်သိန်း ရယူနိုင်မည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၄ ရက်အထိ ပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Red Dot Network မှသိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် နေထိုင်သူများအနေဖြင့် မြို့အနှံ့တွင်ရှိသော Red Dot Logo ရှိ ဆိုင်များကိုရှာဖွေကာ အဆိုပါအစီအစဉ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ဆောင်ရွက်ရ မည့် အချက် များ အနေဖြင့် Red Dot ဆိုင်တစ်ဆိုင်ကို တွေ့အောင်ရှာဖွေပြီး ယင်း Red Dot logo မှတ်အသားနှင့်အတူ ပျော်ရွှင်ဖွယ် ဓာတ်ပုံတစ်ပုံ ရိုက်ယူရမည်ဖြစ်ကြောင်း၊ ၎င်းဓာတ်ပုံ ရိုက်သူ၏ မိုဘိုင်းဖုန်းဘီလ်ကို ထိုဆိုင်တွင် ငွေဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ ယင်းပုံကို Red Dot ၏ Facebook page တွင်တင်ကာ အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ကြောင်းသိရသည်။ ဖုန်းဘီလ်ဖြည့်ကာ ငွေရပြေစာရယူထားရန် လိုအပ်မည်ဖြစ်သည်။

ဖေဖော်ဝါရီလ ၄ ရက်အထိ နေ့စဉ် ကျပ်တစ်သိန်းဆုနှင့် ပြိုင်ပွဲပြီးဆုံးပါက ဆုငွေကျပ်ငါးသိန်း မဲဖောက်ပေးမည့် အစီအစဉ်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ Red Dot Network မှာ အီလက်ထရွန်နစ် မိုဘိုင်းဖုန်းငွေဖြည့်စနစ်ဖြင့် ဝယ်ယူအသုံးပြုနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ Red Dot Platform ကို အသုံးပြုကာ လက်လီအရောင်းလုပ်ငန်းများ ကွန်ရက်မှတစ်ဆင့် အခြားကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်လည်း Red Dot စနစ်က ဆောင်ရွက်ပေးသည် ဟုဆိုသည်။ လက်ရှိတွင် Orange Supermarket တွင် မိုဘိုင်းဖုန်း အီလက်ထရွန်နစ် ငွေဖြည့်စနစ်ကို Red Dot မှ ဆောင်ရွက်ထားကြောင်း သိရသည်။