Wireless hotspot များ အသုံးမပြုနိုင်ရန် တားဆီးခြင်းမှာ တရားမဝင်ဟု FCC ဆို

560226_10152685507367825_7877758217458434556_n.jpg

တစ်ကိုယ်ရေသုံး Wi-Fi hotspot ပိတ်ပင်မှုသည် တရားမဝင်ကြောင်း ကိုယ်ပိုင်ကွန်ရက်များကို ဖိအားပေး ပိတ်ပင်မှုအပေါ် ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က Federal Communications Commission (FCC) ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ အေဂျင်စီသည် တစ်ကိုယ်ရေသုံး hotspot များကို ပိတ်ပင်နေသည့် ဟိုတယ်နှင့် ညီလာခံကျင်းပရာ နေရာများသည် တရားဥပဒေကို ချိုးဖောက်နေသောကြောင့် ဒဏ်ငွေများကို ပေးဆောင်ရမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သွားခဲ့သည်။ ကုမ္ပဏီများသည် Wi-Fi hotspot များကို ပိတ်ပင်လိုမှု သို့မဟုတ် မသမာသော နည်းလမ်းဖြင့် ပိတ်ပင်လိုမှုများနှင့် ရင်ဆိုင်နေရပြီး ဒဏ်ငွေပေးဆောင်ရနိုင်သည့် အခြေအနေရှိကြောင်း FCC ကထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် အစိုးရအေဂျင်စီ FCC သည် ၎င်း၏ ထုတ်ပြန်ချက်တွင် တစ်ကိုယ်ရေသုံး Wi-Fi hotspot များကို ပိတ်ပင်ထားသော ဟိုတယ်နှင့် ညီလာခံကျင်းပရာနေရာများကို ရည်ညွှန်း ပြောဆိုသွားခဲ့သည်။

ယခုကြေညာချက်သည် ဟိုတယ်လုပ်ငန်းတစ်ခုဖြစ်သော Marriott မှ Wi-Fi hotspot များကို ပိတ်ပင်တော့မည် မဟုတ်ကြာင်း ထုတ်ပြန်ကြေညာပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် Gaylord Oprylan အရပ်ရှိ Marriott ဟိုတယ်တစ်ခုသည် စမတ်ဖုန်းများဖြင့် ကိုယ်ပိုင် Wi-Fi hotspot များသုံးစွဲလိုသည့် ဧည့်သည်များ၏ အင်တာနက် သုံးစွဲမှုကို ပိတ်ပင်ရန် Wi-Fi deauthentication tool ကို အသုံးပြုခဲ့ကြသည်။ ထို့နောက် FCC သည် အဆိုပါကိစ္စကို သိရှိပြီးနောက် Marriott ကို ဒဏ်ငွေ ကန်ဒေါ်လာ ၆၀၀,၀၀၀ ပေးဆောင်စေခဲ့သည်။

Ref: CNET