HTC Roadshow Special ကျင်းပပြုလုပ်

1498848_10204059026055799_4499515222028922896_o.jpg

မြန်မာနိုင်ငံတွင် HTC စမတ်ဖုန်း အမျိုးအစားများကို တရားဝင်ဖြန့်ဖြူး ရောင်းချလျက်ရှိသော Apex Distribution မှ ကျင်းပပြုလုပ်သည့် HTC Roadshow Special ကို ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၁၀ နာရီက စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ အမှတ်(244 F) ရှိ HTC Concept Store ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲ၌ HTC စမတ်ဖုန်း မျိုးစုံနှင့် ဒီဇင်ဘာလကုန်ပိုင်းလောက်မှ ဝင်ရောက်လာသည့် HTC Desire 816G ကို ခင်းကျင်းပြသထားပြီး လက်တွေ့စမ်းသပ် အသုံးပြုနိုင်စေရန် စီစဉ်ထားရှိသည်။ အထူးအစီအစဉ်အနေဖြင့် HTC One max နှင့် HTC One တို့ကို အထူးဈေးနှုန်းများဖြင့် ပရိုမိုးရှင်း ပြုလုပ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ပရိုမိုးရှင်းကာလကို ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ သတ်မှတ်ထားပြီး အလုံးအရေအတွက်ကို ကန့်သတ်ရောင်းချပေးမည်ဖြစ်သည်။

HTC စမတ်ဖုန်း အသုံးပြုလိုသူများအနေဖြင့် ဝယ်ယူမည်ဆိုပါက Apex Distribution ဖုန်း-၀၉-၂၅၀၁၇၅၀၆၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။