ကျောင်းသားလှုပ်ရှားမှု သတင်းများကို Mobile App ၌ စုစည်းဖော်ပြပေးမည်

10917296_1536975193244107_7590798301133557031_n.jpg

လူအများ စိတ်ဝင်စားနေကြသည့် သပိတ်မှောက်ကျောင်းသားလှုပ်ရှားမှု သတင်းများကို မိုဘိုင်းဖုန်းပေါ်၌ တစ်စုတစ်ဝေးတည်း ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ Mobile Application တစ်ခုကို ဖြန့်ချိ လိုက်ကြောင်း သိရသည်။

MMstudents အမည်ဖြင့် Mobile Applicatin ကို ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး မည်သူမဆို https://docs.google.com/…/0BxpORb0LBXjLUGJXNThQYVZsMWM/edit… သို့ ဝင်ရောက်၍ Download ပြုလုပ်နိုင်သည်ဟု သိရသည်။

Application ကို Android မိုဘိုင်းဖုန်းများအတွက်သာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး Myanmar ICT Development Organization (MIDO) ၊ Center For Civic Technology (CCT) နှင့် JOOSK တို့က ပူးပေါင်းဖန်တီးခဲ့သည်ဟု သိရသည်။

“သတင်းတွေကတော့ MIDO ကိုယ်ပိုင်အနေနဲ့ တင်တာ မဟုတ်ပါ ဘူး။ ယုံကြည်စိတ်ချရတဲ့ မီဒီယာတွေ၊ သပိတ်ထဲမှာ ပါဝင်သူတွေရဲ့ ထုတ်ပြန်ချက်တွေ၊ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို တင်ပေးသွားမှာပါ” ဟု MIDO မှ တာဝန်ရှိသူ မရတနာက ပြောသည်။

ကျောင်းသားသပိတ်နှင့် ပတ်သက်၍ Mobile Application အပြင် ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် facebook စာမျက်နှာ၌ https://www.facebook.com/MMstudents အမည်ဖြင့် သတင်းစာ မျက်နှာတစ်ခုကို ဖွင့်လှစ်ထားကြောင်း၊ ဆိုရှယ်မီဒီယာ အသုံးပြုသူများသည် ကျောင်းသားသပိတ်နှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြကြသည့်အခါ ‪#‎MMStudents ဟု ထည့်သွင်း ဖော်ပြပေးစေလိုကြောင်း MIDO မှ ထုတ်ပြန်ကြေညာသည်။

ကျောင်းသားသပိတ်သည် ပညာရေးဥပဒေကို ပြင်ဆင်ရန်အတွက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ အချက် ၁၁ ချက်ကို သပိတ်မှောက်ကျောင်းသားများက တောင်းဆိုထားသည်ဟု သိရသည်။ လက်ရှိအချိန်၌ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျောင်းသားခေါင်ဆောင်များ တွေ့ဆုံ၍ အချက် ၄ ချက်ပါသော ပူးတွဲကြေ ညာချက်ကို ထုတ်ပြန်ထားသည်။