Rechargeable LED Flashlight

Rechargeable-LED-Flashlight-.jpg

 အိမ်သုံး၊ ရုံးသုံးအပြင် လုံခြုံရေး  လုပ်ငန်းတွင်ပါ အသုံးဝင်မည့် k-lite အမျိုးအစား Rechargeable ဓာတ်မီးကြီး ဖြစ်သည်။ မော်ဒယ် ZFL-AL3D ဖြစ်ပြီး ဘော်ဒီကို လေယာဉ်ပျံများတွင် သုံးသော အလူမီနီယံ သတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။ အလင်းအားကောင်းပြီး ကြာရှည်ခံသော CREE အမျိုးအစား 3 Watt LED မီးလုံးဖြင့် တည်ဆောက်ထားသည်။ အရည်အသွေးမြင့် Nickel-Cadmium ဓာတ်ခဲဖြင့် အသုံးပြုရပြီး နာရီပေါင်း တစ်သိန်းကျော် အသုံးပြုနိုင်မည်ဖြစ်သည်။ ရေစိမ်ခံ၊ အကြမ်းခံဖြစ်ပြီး Waterproof, shockproof ဖြစ်သည်။ အကွာအဝေး မီတာတစ်ထောင်အထိ အလင်းရောင်ရောက်နိုင်မည်ဟု သိရသည်။ ဆက်တိုက် အသုံးပြုမည်ဆိုပါက လေးနာရီအထိအသုံးပြုနိုင်မည် ဖြစ်သည်။ သံချေးမတက်၊ ချေးမတက်အောင် ကာကွယ်ပေးထားသည်ဟု သိရသည်။ အလေးချိန် ၁.၂၅ ကီလိုဂရမ်ရှိပြီး ဓာတ်မီးအဖြစ်သာမက လက်ကိုင်တုတ်အဖြစ်လည်း အသုံးပြုနိုင်သည်။ တန်ဖိုးမှာ ၃၆,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး တော်ဝင်စင်တာ ဒုတိယထပ် အမှတ်  – ၃၀၇၅၊ ဖုန်း ၈၆၀၀၀၂၁၊ ၈၆၀၀၀၀၉ Ext: ၃၀၇၅ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။