Pure Sync

2.jpg

Pure Sync ဆိုသည့် ဆော့ဖ်ဝဲသည် External Hard Disk, Digital Camera အစရှိသည်တို့ကို အဆိုပါ ဆော့ဖ်ဝဲနှင့် ချိတ်ဆက်သည့်အခါတွင် Backup ပြုလုပ်ပေးခြင်း၊ ဖိုင်များကို FTP အသုံးပြု၍ Online Storage ပေါ်သို့ Upload ပြုလုပ်ပေးခြင်း အစရှိသည်များကို ပြုလုပ်နိုင်မည် ဖြစ်သည်။ Backup ဖိုင်များကိုလည်း အခြားသူများ အလွယ်တကူ ဝင်ရောက်သုံးစွဲခြင်း မရှိနိုင်စေရန်အတွက် Encrypt ပြုလုပ်၍ သိမ်းဆည်းပေးထားနိုင်မည် ဖြစ်သည်။

အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ Download လုပ်ယူနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 9.05MB ခန့်သာ ရှိမည် ဖြစ်သည်။ Windows XP မှ Windows 8 အထိ ထည့်သွင်းအသုံးပြုနိုင်မည့် File Management ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။