
အာဆီယံဒေသတွင်း လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော SCG က မြန်မာနိုင်ငံနှင့် အာဆီယံ ဒေသတွင်း ကျောင်းသားများ အတွက် Internship Program တစ်ခုကို ဖိတ်ခေါ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း ၅ နိုင်ငံမှ ကျောင်းသား ၄၁ ဦးကို ရွေးချယ် ခေါ်ယူသွားမည်ဖြစ်ပြီး တစ်လကြာမြင့်မည့် SCG International Internship Year 3 အစီအစဉ်အပြီးတွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်များကို ရရှိမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းစု၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၅ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် အဆိုပါ သင်တန်းတွင် Digital Marketing နှင့် E-Commerce အစရှိသည့် အကြောင်းအရာများကို သင်ကြားရမည်ဖြစ်သည်။
အာဆီယံဒေသတွင်း လုပ်ငန်းခွင်များတွင် ပြန်လည်လုပ်ကိုင်နိုင်ခွင့်နှင့် လက်တွေ့အသုံးချခွင့်များကို ရရှိမည့် အဆိုပါ Internship Program အား အင်ဂျင်နီယာဘာသာရပ် – Mining ၊ Civil ၊ Mechanical ၊ Electrical ၊ Automation နှင့် Control ၊ Chemical ၊ Industrial သို့မဟုတ် Environmental Engineering၊ စီပွားရေး ဘာသာရပ် – Business Administration ၊ Finance သို့မဟုတ် Marketing၊ လူမှုရေးသိပံ္ပဘာသာရပ် – Psychology ၊ Political Science ၊ Social Studies သို့မဟုတ် Economics နှင့် ဥပဒေ ဘာသာရပ်တို့ကို သင်ယူနေသည့် တက္ကသိုလ် တတိယနှစ်နှင့် မဟာဝိဇ္ဇာတန်းတွင် တက်ရောက်နေသည့် ကျောင်းသားများ လျှောက်ထားနိုင်မည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် နောက်ဆုံးပေးပို့ လျှောက်ထားရမည့် အဆိုပါ Internship Program အား www.facebook.com/SCGcareer တွင် ဝင်ရောက်လေ့လာနိုင်ပြီး http://goo.gl/osP1rr တွင် လျှောက်ထားနိုင်မည်ဖြစ်သည်။