
iButton သည် smart card တစ်ခုတွင် အသုံးပြုလေ့ရှိသော microchip များနှင့် ဆင်တူသည့် ကွန်ပျူတာချစ်ပ်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းကို အကြမ်းဒဏ်ခံနိုင်သည့် လုံးဝန်းသော စတီးလ်ခလုတ်တစ်ခုတွင် ထည့်သွင်းထားသည်။ iButton ကို Dallas Semiconductor မှ ဖန်တီးထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
Smart card ကဲ့သို့ပင် iButton အတွက် internal စွမ်းအင်ရင်းမြစ် မလိုအပ်ပေ။ ၎င်းအတွက် Blue Dot Receoptor ဟုခေါ်သော reader တစ်ခုနှင့် ချိတ်ဆက်ကာ input လက်ခံခြင်း၊ output ပေးပို့ခြင်းနှင့် စွမ်းဆောင် ထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ အချို့သော smart card များနှင့် မတူညီသည်မှာ iButton များကို reader တစ်ခုနှင့် အသုံးပြုရန်အတွက် ထိတွေ့ဆောင်ရွက်မှု လိုအပ်ခြင်း ဖြစ်သည်။
iButton များကို အပူချိန် တိုင်းတာနိုင်သည့် iButton များ၊ e-cash သိုလှောင်နိုင်သည့် iButton များနှင့် electronic ID တစ်ခု ပါဝင်သည့် iButton များဟူ၍ အမျိုးမျိုး ရရှိနိုင်သည်။ E-commerce application များတွင် iButton သည် JavaCard 2.0/OpenCard စံသတ်မှတ်ချက်များကို ထောက်ပံ့ပေးနိုင်သည်။
iButton များ အသုံးပြုခြင်း၏ အကျိုးကျေးဇူးမှာ smart chard များထက် တာရှည်ခံ၊ အကြမ်းခံနိုင်ခြင်း ဖြစ်သည်။ စတီးလ် case ကိုအသုံးပြုထားသောကြောင့် အပူဒဏ်ကို ခံနိုင်ပြီး အပူချိန် ၄၀ စင်တီဂရိတ်မှ ၇၀ စင်တီဂရိတ်အထိ ခံနိုင်ရည်ရှိသည်။ E-commerce နှင့် personal ID အသုံးပြုမှုများတွင် iButton ကို နာရီ၊ လက်စွပ်၊ သော့ချိတ်များနှင့် ခွေးလည်ပတ်များ စသည်တို့တွင် တပ်ဆင်အသုံးပြုနိုင်သည်။