Android ဖုန်းများတွင်ရှိသော Contact များအား Google Drive နှင့် iCloud သို့ Backup ပြုလုပ်ခြင်း

User-Guide8.jpg

Android ဖုန်းတွေမှာရှိတဲ့ အချက်အလက်တွေကို Google Drive ပေါ်သို့ Backup ပြုလုပ်မယ် ဆိုရင်တော့ ပထမဆုံးအနေနဲ့ အသုံးပြုသူမှာ Goolge Account တစ်ခုရှိ ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ မိမိမှာ ရှိတဲ့ Goole Account နဲ့  Google Drive ပေါ်ကို ဝင်ရောက်ပြီး Backup ပြုလုပ်ရမှာပါ။ စတင်ပြီး လေ့လာ ကြည့်ကြပါမယ်။ ပထမဆုံး ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ Contact တွေကို SD Card ပေါ်ကို Backup ပြုလုပ်လိုက်ပါ။ ပြီးရင်တော့ Google Drive ကိုဖွင့်လိုက်ပါ။ ကိုယ့်ဆီမှာ Google Account မရှိဘူးဆိုရင်တော့ ခုလိုမြင်တွေ့ ရမှာဖြစ်ပါတယ်။

အကောင့်မရှိ သေးဘူးဆိုရင်တော့ အကောင့်အသစ် တစ်ခုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အကောင့်အသစ် ပြုလုပ်မယ် ဆိုရင်တော့ New ကိုနှိပ်ပြီး အကောင့်ပြုလုပ် နိုင်ပါတယ်။ ကိုယ့်ဆီမှာ Google အကောင့်ရှိ ပြီးသားဆိုရင်တော့ Existing ဆိုတဲ့ နေရာကိုနှိပ်ပြီး ကိုယ့်ရဲ့အကောင့်နဲ့ ပက်စ်ဝက်ဘ်ကို ဖြည့် စွက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Google Drive ပေါ်ကို စတင်ရောက် ရှိမှာဖြစ်ပြီး မြင်တွေ့ရတဲ့ စာမျက်နှာတွေကို ကျော်လာခဲ့လိုက်ပါ။ နောက်ဆုံးမှာ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Go to Drive  ဆိုတဲ့ နေရာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Google Drive ပေါ်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ Google Drive ပေါ်ကို ရောက်ရှိပြီ ဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းပေါ်မှာ ရှိနေတဲ့ Upload ကိုနှိပ်လိုက်ပါ။

Upload ကို နှိပ်လိုက်ရင်တော့ Backup ပြုလုပ်နိုင်မယ့် စနစ်တွေကို ခုလိုမျိုးမြင်တွေ့ ရမှာဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ စနစ်တွေအားလုံးဟာ Google Drive ပေါ်ကို Backup ပြုလုပ်နိုင်မယ့် စနစ်တွေ ဖြစ်ပြီး ကိုယ်က ဖုန်းထဲက Contact တွေကို Backup ပြုလုပ်ချင် တယ်ဆိုရင်တော့ File ဆိုတဲ့စနစ် ထဲကို ဝင်လိုက်ရင် ဖုန်းမှတ်ဉာဏ်နဲ့ SD Card ပေါ်မှာရှိနေတဲ့ ဖိုင်တွေကို Backup ပြုလုပ်နိုင်ပါတယ်။ ပထမဆုံး ဖုန်းထဲမှာ Backup ပြုလုပ်ခဲ့တဲ့ Contact ဖိုင်ကိုရွေးချယ် ပေးလိုက်ရင် Google Drive ပေါ်မှာ သိမ်းဆည်း ပေးထားမှာ ဖြစ်ပါတယ်။ ဒါကတော့ Google Drive ပေါ်ကို Backup ပြုလုပ်သိမ်းဆည်းတဲ့ နည်းလမ်းပါ။

Android Contact ဖိုင်တစ်ခုကို iCloud ပေါ်ကို Backup ပြုလုပ်သိမ်းဆည်း ထားနိုင်ဖို့အတွက် ပထမဆုံး ကိုယ့်ရဲ့ဖုန်းမှာ ရှိနေတဲ့ Contact တွေကို ဖုန်းမှတ်ဉာဏ် ဒါမှမဟုတ် SD Card ပေါ်ကို Export ပြုလုပ်ပြီး vcf  ဖိုင်ရရှိစေဖို့အတွက် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ပုံကို ကြည့်ပါ။

ဒီနေရာမှာ အရေးကြီးတဲ့အ ချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ Android Contact တွေကို Export ပြုလုပ်ပြီး Backup ပြုလုပ်တဲ့အခါမှာ ဖုန်းထဲမှာ မှတ်သားထားတဲ့  Contact တွေထဲမှာ နာမည်နဲ့မဟုတ်ပဲ ဂဏန်းသင်္ချာတွေနဲ့ မှတ်သားထားသော Contact တွေ၊ Gmail Contact တွေ၊ Viber Contact, Facebook Contact အစရှိတဲ့ ဖုန်း Contact မဟုတ်သော အရာတွေ ရောနှောနေ ပါဝင်နေမယ် ဆိုရင်တော့ iCloud ပေါ်ကို တင်တဲ့အခါ မှာ အခက်အခဲ ရှိနေပါလိမ့်မယ်။ ဒါကြောင့် Contact တွေကို Backup ပြုလုပ်မယ်ဆိုရင် ဖုန်း Contact မဟုတ်တဲ့ အရာတွေနဲ့ နာမည်မဟုတ်တဲ့ Contact တွေကိုဖယ်ပြီး ချန်ထားခဲ့ရ ပါလိမ့်မယ်။

Contact Backup ဖိုင်ကိုရရှိ ပြီဆိုရင်တော့ ကွန်ပျူတာပေါ်ကို တင်လိုက်ပါ။ ပြီးရင်တော့ ကွန်ပျူတာမှာ iCloud ကိုဖွင့်လိုက်ပါ။ မိမိရဲ့ iCloud အကောင့်ကို Sing in ဝင်လိုက်ပါ။ iCloud အတွင်းသို့ ရောက်ရှိ သွားပါလိမ့်မယ်။ iCloud အတွင်းကို ရောက်ပြီဆိုရင်တော့ Contact ကိုနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

Contact စနစ်အတွင်းသို့ ရောက်ရှိသွားတဲ့ အချိန်မှာတော့ ဘယ်ဖက်အောက် ခြေနားမှာရှိနေတဲ့ Setting ပုံစံ သင်္ကေတလေးကို နှိပ်လိုက်ပါ။ Setting သင်္ကေတလေးကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ Box လေးထဲမှာ ရှိနေတဲ့ Import ကိုနှိပ်လိုက်ပါ။ ဒါက Contact ဖိုင်ကို iCloud ပေါ်ကို ထည့်သွင်းမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ Import ကို နှိပ်လိုက်ပြီးရင်တော့ ကွန်ပျူတာမှာ ရှိနေတဲ့ ကိုယ့်ရဲ့ Contact ဖိုင်ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

ကွန်ပျူတာ ပေါ်မှာရှိနေတဲ့ Android Contact ဖိုင်ကို ရွေးချယ်ပေးလိုက်ရင် ရပါပြီ။ ဒါဆိုရင် Contact ဖိုင်ကို iCloud ပေါ်ကိုတင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ Contact ဖိုင်ဟာ iCloud ပေါ်ကို တင်နိုင်ဖို့အတွက် ဖိုင်ရဲ့ ဗားရှင်းက အခက်အခဲ ရှိတတ်ပါတယ်။ ဒါကြောင့် Android Contact ဖိုင်ကို ရရှိတဲ့အချိန်မှာ ကွန်ပျူတာမှာ Notepad ကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ Contact ဖိုင်ကို Notepad ထဲကို ဆွဲယူပြီး ထည့်လိုက်ပါ။ ဒါဆိုခုလိုမျိုး မြင်ရပါလိမ့်မယ်။ မြင်ရတဲ့ မြင်ကွင်းမှာ ဖိုင်ရဲ့ဗားရှင်းဟာ 3.0 မဖြစ်နေဘူး ဆိုရင်တော့ iCloud ပေါ်ကို တင်လို့မရပါဘူး။ ဒါကြောင့် ဖိုင်ကို 3.0 ဗားရှင်းကို ပြောင်းလဲရပါမယ်။ ဗားရှင်း ပြောင်းလဲဖို့အတွက် Notepad ရဲ့ Edit ထဲက Replace ကိုနှိပ်လိုက်ပါ။

Replace ကိုနှိပ်လိုက်ရင် Box တစ်ခုပေါ်လာ ပါလိမ့်မယ်။ အဲဒီမြင် တွေ့ရတဲ့ Box ရဲ့ အပေါ် ဘားတန်းထဲမှာ Contact ဖိုင်ရဲ့ မူရင်းဗားရှင်း ကို Copy ကူးပြီး ဖြည့်ပါ။ အောက်ဘက် ဘားတန်းမှာတော့ ပြောင်းလဲမယ့် ဗားရှင်း 3.0 ကိုဖြည့်ပါ။ ပြီးရင်တော့ Replace All ဆိုတဲ့ စနစ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Contact ဖိုင်ရဲ့ ဗားရှင်းဟာ ပြောင်းလဲသွားတာကို မြင်တွေ့ ရပါလိမ့်မယ်။

လုပ်ဆောင်ချက်တွေ ပြီးသွားတဲ့အခါမှာ Notepad ဖိုင်ကို Save လုပ်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Contact ဖိုင်ဟာ ဗားရှင်း 3.0 ကို ပြောင်းလဲပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ iCloud ပေါ်ကို အလွယ်တကူ တင်လို့ ရသွားပါပြီ။