Japan Brand NEC 2015 The product Tour (Yangon) ပြုလုပ်မည်

Japan Brand NEC 2015 The product Tour(Yangon) အစီအစဉ်ကို ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၁ ရက်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ လပြည့်ဝန်းပလာဇာရှိ Evo Store တွင်လည်းကောင်း၊ ဖေဖော်ဝါရီ လ ၆ ရက် မှ ၈ ရက်အထိ ၃၆ လမ်းရှိ Technoland တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက် မှ ၁၅ ရက်အထိ မဟာဗန္ဓုလပန်းခြံရှိ Citicom တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ Junction Square ရှိ Citicom Banana တွင်လည်းကောင်း ပြုလုပ်ပေးသွားမည်ဟု သိရသည်။

NEC Product ဝယ်ယူသော Customers များကို  ကျပ် ၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ လက်ငင်းပြန်အမ်းပေးမည့် Cash Back အစီအစဉ်အပြင် မေတ္တာလက်ဆောင်များပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။  အသေးစိတ် အချက်အလက်များကို KMD ဖုန်း ၀၁-၃၈၁၁၂၉၊ ၀၁-၃၈၁၀၃၅ ၌ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။