
Yamaha အမှတ်တံဆိပ် Docking speaker ဖြစ်သည်။ ဖုန်းကို တပ်ဆင်နိုင်မည့် Dock မှာ စပီကာ၏ အထက်ပိုင်းတွင် ရှိမည် ဖြစ်သည်။ Woofer ပါဝင်သည့်အတွက် အသံထွက်ကောင်းမွန်မည် ဖြစ်သည်။ Android ထုတ်ကုန်မျိုးစုံဖြင့် တွဲဖက် အသုံးပြုနိုင်သလို iDevices များဖြင့်လည်း တွဲဖက် အသုံးပြုနိုင်မည် ဖြစ်သည်။ AC ဖြင့် အသုံးပြုနိုင်သလို DC ဖြင့် တွဲဖက်အသုံးပြုလိုပါက 666 alkaline battery နှစ်လုံးကို ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အရောင်အနေဖြင့် အမည်း၊ နက်ပြာ၊ အဖြူ တို့ဖြင့် ရရှိနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၁၅၀,၀၀၀ ကျပ်ဖြစ်ပြီး Yamaha ဖုန်း-၂၅၃၆၉၁ ၌ ဆက်သွယ် ဝယ်ယူနိုင်သည်။