Bluetooth ဖြင့်တွဲဖက် အသုံးပြုရသော ကမ္ဘာ့ပထမဆုံး Gramophone

Cover01.jpg

Bluetooth ဖြင့်တွဲဖက် အသုံးပြုရသော Gramophone သည်သီချင်း နားထောင်ခြင်းကို နှစ်သက်သူများ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော ထုတ်ကုန်ဖြစ်သည်။

၎င်းထုတ်ကုန်၏ အမည်မှာ Gramovox ဖြစ်ပြီး နေရာလွတ်များစွာ မလိုအပ်ဘဲ နေအိမ်နှင့် ရုံးအတွင်း ထားရှိနိုင်ကာ သီချင်းများကို နားဆင်နိုင်သည်။ ၎င်းကို အားတစ်ခါ သွင်းထားလျှင် ၁၅ နာရီအထိ တောက်လျှောက် အသုံးပြုနိုင်သည်။ Gramovox ကိုသုံးစွဲသူ၏ မိုဘိုင်း ထုတ်ကုန်များဖြင့် ပေ၃၀ အကွာအဝေး အတွင်း ချိတ်ဆက်ကာ တေးဂီတများကို နားဆင်နိုင်သည်။ ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် သီချင်းများ ပြောင်းလဲလိုသည့် အခါတိုင်း ရောက်ရှိနေရာမှ မရွေ့လျားဘဲ နှစ်သက်ရာ တေးဂီတများကို ခံစားနိုင်မည်

ဖြစ်သည်။ ထို့အပြင် Gramovox တွင် ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်သလို အားသွင်းရာတွင် microUSB မှတစ်ဆင့် အားဖြည့်သွင်းရသည်။

အဆိုပါ ထုတ်ကုန်သည် အရည်အသွေးမြင့် စပီကာ တစ်လုံးအဖြစ် ဖန်တီးထားသောကြောင့် ရောင်းဈေးမှာ ကန်ဒေါ်လာ ၃၉၉.၉၉ ရှိကြောင်း သိရှိရသည်။

Ref: Coolest-Gadgets