Facebook နှင့် Instagram ဝန်ဆောင်မှုများ ၄၅ မိနစ်ခန့် ပြတ်တောက်ခဲ့

10945767_10152681133977825_6719894471147539122_n.jpg

Facebook နှင့် Instagram ဝန်ဆောင်မှုများသည် ၄၅ မိနစ်ခန့် ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Facebook နှင့် Instagram ဝန်ဆောင်မှုများ ပြတ်တောက်မှုနှင့် ပတ်သက်၍ Twitter ပေါ်တွင် ‪#‎Facebookdown ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် Tinder, AIM နှင့် HipChat ကဲ့သို့သော platform များတွင်လည်း ယာယီပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ဝန်ဆောင်မှုများ ပြတ်တောက်မှု ဖြစ်ပွားရခြင်း အကြောင်းကို မသိရှိရသေးပေ။

Ref: ABCNews