Open World ဂိမ်းသစ် Saints Row: Gat out of Hell ထွက်ရှိ

Saints-Row-Gat-out-of-Hell-.jpg

Saints Row ဂိမ်းစီးရီး၏ နောက်ဆုံးထွက်ဂိမ်းသစ် Saints Row: Gat out of Hell မှာ PC, PS3 နှင့် Xbox360 ဂိမ်းစက်များအတွက် ထွက်ရှိလာကြောင်း သိရသည်။

Johnny Gat နှင့် Kinzie Kensington တို့ နေရာမှ ဝင်ရောက် ကစားရမည်ဖြစ်ပြီး Saints Row IV ဂိမ်းရဲ့ ဇာတ်လိုက်ဖြစ်သူ အမေရိကန်သမ္မတကို စေတန်နှင့် ငရဲသားများ လက်အောက်က ကယ်ဆယ်ရပုံ ကစားရမည့် ဇာတ်လမ်းသစ် ဖြစ်သည်။ Open World မြေပုံသစ် New Hades နယ်မြေတွင် ကစားရမည်ဖြစ်ပြီး Shantytown, Barrens, Downtown, Forg နှင့် Den အမည်ရ ကျွန်းငါးခု ပါဝင်ထားသည်။ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ရမည့် ဂိမ်းသစ်ဖြစ်သလို သဘာဝလွန် စွမ်းအင်များ သုံးထားသော Seven Deadly Sins လက်နက်ဆန်းများ အသုံးပြုနိုင် သလို တောင်ပံများ သုံးပြီး လေပေါ်ပျံနိုင်သော gameplay သစ်များ ပါဝင်ထားကြောင်း သိရသည်။ GAME HIVE ဖုန်း – ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၅၄၁၇၂၇၂ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။