Tweet အဟောင်း များအား ပြန်လည် ပြသပေးမည့် feature ကို Twitter မိတ်ဆက်

twitter-analyst.jpg

Twitter သည် ၎င်း၏လူမှုရေး မီဒီယာတွင် သုံးစွဲသူများ မသိရှိလိုက်ရသည့် tweet များကိုပြန်လည် ပြသပေးမည့် “While You Were Away” feature ကို iOS အတွက် ဖြန့်ချိပေးလိုက်ကြောင်း သိရသည်။

ထို့အပြင်၎င်း feature ကို Android နှင့် ဝက်ဘ်ဆိုက် များအတွက် မကြာခင်တွင် ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း Twitter မှထုတ်ပြန် ပေးသွားခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလက Twitter သည် အဆိုပါ feature ကို preview ပြသခဲ့ပြီးနောက် ဒီဇင်ဘာလကုန်တွင် စတင်လွှင့်တင် မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Twitter မှလွှင့်တင်ခဲ့သည့် “While You Were Away” feature သည် သုံးစွဲသူများက လူမှုရေးမီဒီယာ မသုံးစွဲမိသည့် အချိန်တွင် feed မှအကောင်းဆုံး tweet အချို့ကိုပြန်လည် သုံးစွဲမည့်အချိန်၌ ပြန်လည်ပြသ ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ blog post တွင် ရှင်းလင်းဖော်ပြ ထားသည်။

သုံးစွဲသူများ အနေဖြင့်  အဆိုပါ feature စတင် လွှင့်တင်သည့်အချိန်တွင်  စိတ်အနှောင့် အယှက်များစွာ တွေ့ကြုံခဲ့ရသည်။ ထို့အပြင် “While You Were Away” feature သည်နောက်ဆုံး ဖြစ်ပေါ်နေသည့် tweet များသို့ ကြားဖြတ် ဝင်ရောက်ကာ သုံးစွဲသူများ မြင်တွေ့လိုသည့် အရာများ မကြည့်ရှုနိုင်ခင်တွင် သတင်းဟောင်းများကို ပြသပေးနေမည် ဖြစ်သည်။

Ref: TechCrunch