Finemyanmay.com တွင် အိမ်၊ ခြံ၊ မြေများ ရောင်းဝယ်/ ငှားရမ်းနိုင်

Golden Hexagon Media မှ အိမ်ခြံမြေ အချက်အလက်များနှင့် လမ်းညွှန် အချက်အလက်များ စုံလင်စွာ ပါဝင်သော www.finemyanmay.com ဝက်ဘ်ဆိုက်ကို လွှင့်တင်ထားကြောင်း သိရသည်။

ဝက်ဘ်ဆိုက်တွင် မြို့ နယ်အလိုက် အိမ်၊ ခြံ၊ မြေများကို စိတ်ကြိုက် ရှာဖွေနိုင်သလို မြန်မာကျပ်ငွေ (သို့) ဒေါ်လာဖြင့်ပါ ခွဲခြား ရှာဖွေနိုင်မည် ဖြစ်သည်။ စိတ်ဝင်စားမှု အများဆုံးဖြစ်သည့် အချက်အလက်များ ကို ဖော်ပြပေးထားပြီး မြန်မာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် Local Professional ကဏ္ဍကိုလည်း ထည့်သွင်းပေးထားပြီး ထိုကဏ္ဍတွင် ဆောက်လုပ်ရေး၊ အိမ်တွင်းအလှဆင်၊ လက်ဝတ်ရတနာ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ ကွန်ပျူ တာဆိုင်၊ မိုဘိုင်းဖုန်းဆိုင်များကို လိပ်စာနှင့်တကွ ဖုန်းနံပါတ်များပါ ဖော်ပြပေးထားသည်။

finemyanmay.com ကို ကွန်ပျူ တာအတွက် သာမက Mobile Phone နှင့် Tablet များတွင်ပါ အသုံးပြုနိုင်ရန် ရေးဆွဲပေးထားကြောင်း၊ Mobile app ကိုလည်း မကြာမီ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း – ၀၁-၂၃၀၄၃၁၈၊ ၀၉-၄၃၁၈၅၀၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။