12nm process အေျခခံ ပထမဆံုး mid-range chipset ျဖစ္တဲ့ Helio P22 ကို MediaTek မိတ္ဆက္

[ Zawgyi ]

MediaTek ဟာ SoC သစ္တစ္မ်ိဳးျဖစ္တဲ့ Helio P22 ကို ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။ ဒါဟာ 12nm process ေပၚမွာ တည္ေဆာက္ထားတဲ့ ပထမဆံုး mid-range chipset ျဖစ္ပါတယ္။

ဒီ SoC မွာ octa-core CPU တစ္ခုနဲ႔ Cortex-A53 core ေတြပါဝင္ပါတယ္။ Clock speed ကို 2GHz အထိ ရရိွႏိုင္ပါတယ္။ P22 ဟာ 30fps video recording နဲ႔ 13MP + 8MP resolution အထိရႏိုင္မယ့္ dual ပင္မကင္မရာကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒါ့အျပင္ စြမ္းအင္သံုးစြဲမႈနည္းပါးသလို real-time Bokeh preview အတြက္ လုပ္ႏိုင္စြမ္း ျမင့္မားတဲ့ hardware depth engine လည္း ပါဝင္ပါတယ္။

Screen ေတြကို 1600 x 720 resolution အထိ ေထာက္ပံ့ေပးႏုိင္ၿပီး အျမင့္ဆံုး aspect ratio က 20:9 ျဖစ္ပါတယ္။ Dual-SIM လုပ္ေဆာင္ခ်က္နဲ႔ LTE ခ်ိတ္ဆက္မႈလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ 802.11ac Wi-Fi, Bluetooth 5.0, GPS နဲ႔ GLONASS တို႔လည္း ပါဝင္ပါတယ္။

P22 ဟာ AI ကို အရွိန္ျမွင့္ထားတဲ့ အေတြ႕အႀကံဳေတြရဲ႕ အက်ိဳးေက်းဇူးေတြကို ေထာက္ပံ့ေပးႏိုင္တယ္လို႔ MediaTek က ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ TensorFlow, TF Lite, Caffe နဲ႔ Caffe2 လိုမ်ိဳး AI framework ေတြအတြက္ အေထာက္အပံ့ေတြရႏိုင္သလို developer ေတြ လုပ္ငန္းတြင္က်ယ္ဖို႔အတြက္ အေကာင္းဆံုး AI ရင္းျမစ္ကို အလိုအေလ်ာက္ ေရြးခ်ယ္ေပးမယ့္ လုပ္ေဆာင္ခ်က္တစ္ခုကိုလည္း ရရိွႏိုင္မွာျဖစ္ပါတယ္။

ထို႔အတူ FaceID နဲ႔ smart photo album အျပင္ ကင္မရာတစ္ခု ဒါမွမဟုတ္ ကင္မရာႏွစ္ခု depth of field feature ေတြအပါအဝင္ AI ကင္မရာအေတြ႕အႀကံဳေတြကိုလည္း ရရိွႏိုင္မွာျဖစ္ပါတယ္။

Helio P22 ကို အလံုးအရင္းနဲ႔ ထုတ္လုပ္ထားၿပီး ဇြန္လကုန္ပိုင္းမွာ ေစ်းကြက္အတြင္း ေတြ႕ျမင္ရဖြယ္ရိွတယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

======

[ Unicode ]

12nm process အခြေခံ ပထမဆုံး mid-range chipset ဖြစ်တဲ့ Helio P22 ကို MediaTek မိတ်ဆက်

======

MediaTek ဟာ SoC သစ်တစ်မျိုးဖြစ်တဲ့ Helio P22 ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာ 12nm process ပေါ်မှာ တည်ဆောက်ထားတဲ့ ပထမဆုံး mid-range chipset ဖြစ်ပါတယ်။

ဒီ SoC မှာ octa-core CPU တစ်ခုနဲ့ Cortex-A53 core တွေပါဝင်ပါတယ်။ Clock speed ကို 2GHz အထိ ရရှိနိုင်ပါတယ်။ P22 ဟာ 30fps video recording နဲ့ 13MP + 8MP resolution အထိရနိုင်မယ့် dual ပင်မကင်မရာကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် စွမ်းအင်သုံးစွဲမှုနည်းပါးသလို real-time Bokeh preview အတွက် လုပ်နိုင်စွမ်း မြင့်မားတဲ့ hardware depth engine လည်း ပါဝင်ပါတယ်။

Screen တွေကို 1600 x 720 resolution အထိ ထောက်ပံ့ပေးနိုင်ပြီး အမြင့်ဆုံး aspect ratio က 20:9 ဖြစ်ပါတယ်။ Dual-SIM လုပ်ဆောင်ချက်နဲ့ LTE ချိတ်ဆက်မှုလည်း ပါဝင်ပါတယ်။ ဒါ့အပြင် 802.11ac Wi-Fi, Bluetooth 5.0, GPS နဲ့ GLONASS တို့လည်း ပါဝင်ပါတယ်။

P22 ဟာ AI ကို အရှိန်မြှင့်ထားတဲ့ အတွေ့အကြုံတွေရဲ့ အကျိုးကျေးဇူးတွေကို ထောက်ပံ့ပေးနိုင်တယ်လို့ MediaTek က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် TensorFlow, TF Lite, Caffe နဲ့ Caffe2 လိုမျိုး AI framework တွေအတွက် အထောက်အပံ့တွေရနိုင်သလို developer တွေ လုပ်ငန်းတွင်ကျယ်ဖို့အတွက် အကောင်းဆုံး AI ရင်းမြစ်ကို အလိုအလျောက် ရွေးချယ်ပေးမယ့် လုပ်ဆောင်ချက်တစ်ခုကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

ထို့အတူ FaceID နဲ့ smart photo album အပြင် ကင်မရာတစ်ခု ဒါမှမဟုတ် ကင်မရာနှစ်ခု depth of field feature တွေအပါအဝင် AI ကင်မရာအတွေ့အကြံုတွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

Helio P22 ကို အလုံးအရင်းနဲ့ ထုတ်လုပ်ထားပြီး ဇွန်လကုန်ပိုင်းမှာ စျေးကွက်အတွင်း တွေ့မြင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena