McAfee Security Software နှင့် Application များကို မြန်မာနိုင်ငံတွင် စတင်ဖြန့်ချိ

မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သော  KMD Computer Group မှ McAfee Security Product များကို မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူး ရောင်းချ
သွားမည်ဖြစ်ကြောင်း သိရသည်။

McAfee Security Software နှင့် Application များကို ဇန်န၀ါရီ ၂၁ ရက်မှ စတင်ကာ  KMD နှင့် ဆက်စပ်သည့် အရောင်းဆိုင်ကြီးများနှင့် မိုဘိုင်းဆိုင်များတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း KMD မှ တာဝန်ရှိသူက ပြောသည်။ McAfee Security Software နှင့် Application များကို Mobile နှင့် PC ပေါ်တွင် အသုံးပြုနိုင်ရန်  ထုတ်လုပ်ထားခြင်းဖြစ်ပြီး Virus နှင့် Malware များကို ကာကွယ်နိုင်မည်ဖြစ်သလို wifi-Network  များကြားတွင် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ Cloud Storage ပေါ်တွင် Backup and Restore ပြုလုပ်ထားပါက အချက်အလက်များကို အလွယ်တကူ ပြန်လည်ရယူနိုင်မည် ဖြစ်သည်။ App အား Play Store ပေါ်တွင် Download ပြုလုပ်နိုင်မည်ဖြစ်ပြီး Register Number များအား ဝယ်ယူရမည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် Moblie ပေါ်တွင် အသုံးပြုလိုပါက ၄,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး PC ပေါ်တွင် အသုံးပြုမည်ဆိုပါက ၆,၀၀၀ ကျပ် ကျသင့်မည်ဟု သိရသည်။