Roshan The Immortal

internet-journal-roshan-.jpg

Hero ပေါင်း ၁ဝဝ ကျော်ရှိတဲ့ Dota ကစားပွဲတစ်ပွဲဟာ Hero ၁ဝ ကောင်သာ ပါဝင်ကစားခွင့်ရှိတာကြောင့် Hero တိုင်းဟာ ပွဲတိုင်း မပါနိုင်ပေမယ့် Hero တစ်ကောင်ကဲ့သို့ သတ်မှတ်ခံထားရတဲ့သူတစ်ယောက် ရှိပါတယ်။ ကစားပွဲတစ်ပွဲရဲ့ အပြောင်းအလဲကို အဓိက ဖြစ်ပေါ်စေမယ့် Hero တစ်ကောင်ကို သေဆုံးသွားတဲ့နေရာမှာ ပြန်လည် ရှင်သန်လာစေနိုင်တဲ့ Aegis of the Immortal ကို ပိုင်ဆိုင်ထားသော “Roshan The Immortal”  ပဲ ဖြစ်ပါတယ်။ Hindi ဘာသာစကားအရ “အလင်းရောင်” လို့ အဓိပ္ပါယ်ရတဲ့ Roshan ဟာ Dota 2 မြေပုံရဲ့ အလယ်မှာခြားထားသော မြစ်ရဲ့ ညာဘက်ခြမ်း၊ Bottom lane နဲ့ နီးကပ်တဲ့ Dire နယ်မြေဘက်မှာ တည်ရှိပါတယ်။

Hero တစ်ကောင်အနေနဲ့ အများဆုံး lvl 25 ပဲ ရှိတဲ့ အချိန်မှာ Roshan ဟာ ကစားပွဲအစမှာကတည်းက lvl 30 နဲ့ စတင်မှာ ဖြစ်ပါတယ်။ ကစားပွဲစလို့ Hero တွေ မရွေးချယ်ရသေးတဲ့ အချိန်ကတည်းက မြေပုံပေါ်မှာ အရင်ဆုံးပေါ်တဲ့ Computer Control Unit တစ်ခုလည်းဖြစ်တဲ့ Roshan ဟာ ခြွင်းချက်ဖြစ်သော Hero အချို့ ကလွဲရင် ကစားပွဲအလယ်လောက် ရောက်တဲ့အချိန်အထိ တစ်ကိုယ်တော်သတ်ဖို့ ခက်ခဲတဲ့ Neutral Creep ကြီးတစ်ကောင် ဖြစ်ပါတယ်။

Roshan The Immortal ဆိုတဲ့ နာမည်ကို ပိုင်ဆိုင်ထားပေမယ့် မကြာခဏ အသတ်ခံရလေ့ရှိတဲ့ Roshan ကို Dota 2 အရောက်မှာတော့ ဒီလိုဖြစ်ရတဲ့ အခြေအနေကို Background Story တစ်ခုအဖြစ် ဖန်တီးထားပါတယ်။ Roshan ဟာ ထာဝရ မသေဆုံးခြင်းကို ရရှိလိုတဲ့အတွက်ကြောင့် “မသေဆုံးခြင်းရတနာကို စောင့်ရှောက်သော နတ်ဘုရား” ကို သတ်ဖြတ်ပြီး ၎င်းနတ်ဘုရား စောင့်ရှောက်ထားတဲ့ Aegis of the Immortal ကို ခိုးယူခဲ့ပါတယ်။ Roshan ဟာ သူလိုချင်တဲ့ ထာဝရမသေဆုံးခြင်းကို ပေးစွမ်းမယ့် Aegis of the Immortal ကို ရရှိခဲ့သော်လည်း မျှော်လင့်မထားတဲ့ ကျိန်စာတစ်ခု သင့်သွားခဲ့ပါတယ်။ ကျိန်စာကတော့ မသေဆုံးခြင်းပါပဲ။ ဒါကြောင့် အခြားသူတွေဟာ သူ့ကို သတ်ဖြတ်ပြီး သူ့လက်ထဲက Aegis of the Immortal ကို ထပ်ဖန်တလဲလဲ ခိုးယူခြင်းခံရတဲ့ မပြီးဆုံးနိုင်တဲ့ ဝဋ်ကြွေးကြီးကို ခံစားနေရပါတော့တယ်။

Roshan ဆီက Aegis of the Immortal ကို ကိုင်ဆောင်ထားတဲ့ Hero ဟာ ၅ မိနစ်အတွင်းမှာ သေခဲ့မယ်ဆိုရင် သေပြီးလို့ ၅ စက္ကန့် အကြာမှာ Hp  အပြည့် Mana အပြည့်နဲ့ သေတဲ့နေရာမှာပဲ ပြန်လည် ရှင်သန်လာမှာပါ။ ဒါ့အပြင် Roshan သတ်တာ ၃ ခါမြောက်ရောက်ခဲ့မယ်ဆိုရင်တော့ Aegis of the Immortal အပြင် Cheese ဆိုတဲ့ Item တစ်ခုကိုပါ ရရှိမှာပါ။ အဆိုပါ Cheese ဟာ အသုံးပြုသူကို အသုံးပြု ပြု ခြင်း 2500 Hp နဲ့ 1000 mana ချက်ချင်းပြည့်စေမှာ ဖြစ်ပါတယ်။ သုံးခါနှင့် အထက် Roshan သတ်ပြီးတိုင်း Cheese ကို Aegis နဲ့အတူ ရရှိသွားမှာ ဖြစ်ပါတယ်။ Cheese နဲ့ Aegis of the Immortal ရဲ့ မတူညီတဲ့ အချက်တစ်ချက်ကတော့ Immortal ကို ပထမဆုံး ကိုင်လိုက်တဲ့ Unit ဟာ အခြား Hero တစ်ကောင်ကို လွှဲပြောင်း မပေးနိုင်၊ ပြန်မရောင်းနိုင်ပေမယ့် Cheese ကတော့ လက်လွှဲပြောင်း ယူနိုင်တဲ့အပြင် ပြန်ရောင်းမယ်ဆိုရင်လည်း 500 Unreliable Gold ကို ရရှိမှာ ဖြစ်ပါတယ်။ Aegis of the Immortal ကို ကိုင်ထားတဲ့ Hero တစ်ကောင်ဟာ ၅ မိနစ်အတွင်း မှာ မသေခဲ့ဘူးဆိုရင် Regeneration Rune ကဲ့သို့ သင့်ကို Full Hp, Full Mana ဖြစ်စေမယ့် Regeneration ကို ရရှိမှာ ဖြစ်ပါတယ်။

The Dota 2 International Tournament 3 (TI3)  ပြိုင်ပွဲ အပြီးမှာတော့ Roshan ရဲ့   ပြန်ပေါ်တဲ့အချိန် (Respawn time) ကို ပုံသေ ၁၀ မိနစ်ကနေ  ၈ မိနစ်နဲ့ ၁၁ မိနစ် အကြားလို့ ပြောင်းလဲလိုက်ထားပြီးနောက် Dota 2 Game ရဲ့ အဓိက အလှည့်အပြောင်း တစ်ခုဖြစ်စေနိုင်မယ့် Immortal ကြောင့် Roshan ကို သတ်ဖို့ ခက်ခဲရလေအောင် Update တွေ တစ်ခုပြီးတစ်ခု တိုးလာတဲ့အတွက် Roshan ဟာ အလွယ်တကူ သတ်ဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။

Roshan ဟာ ကစားပွဲအစမှာ 7500 Hp, 4 Armor, 20 Hp Regen, 65 Attack Damage နဲ့ အစပြုမှာဖြစ်ပြီး Spell Block, Bash နဲ့ Slam ဆိုတဲ့ Ability ၃ ခုကို ပိုင်ဆိုင်ထားပါတယ်။ ၄ မိနစ်ကြာတိုင်းမှာ 500 Hp, 0.5 Armor, 10 Attack Damage တိုးလာမှာဖြစ်လို့ ဥပမာအနေနဲ့ ကစားပွဲမိနစ် ၆ဝ ကြာတဲ့အချိန်မှာ 15,000 Hp, 11.5 Armor နဲ့ 215 Attack Damage ရှိနေမှာဖြစ်ပြီး မိနစ် ၁၂ဝ အထိ ကြာခဲ့မယ် ဆိုရင်တော့ 22,500 Hp, 19 Armor နဲ့ 365 Attack Damage ရှိနေမှာ ဖြစ်ပါတယ်။

သူပိုင်တဲ့ Ability တွေထဲက Spell Block ကတော့ Linken Sphere ကဲ့သို့ Roshan အပေါ်သို့ ကျရောက်လာမယ့် Target Ability တွေကို ကာကွယ်ပေးမယ့် Cooldown 15 seconds ရှိတဲ့ Passive Ability တစ်ခု ဖြစ်ပါတယ်။ Roshan ရဲ့ တိုက်ခိုက်မှုခံရတဲ့သူဟာ 15% Chance ရှိပြီး 1.65 seconds Stun စေမယ့် Bash ကတော့ ပုံမှန် Physical Damage အပြင် 50 Magical Damage ပါ အပို ထိဦးမှာ
ပါ။ Roshan အနီး 350 AoE အနားမှာ ၃ ခုထက်ပိုတဲ့ Unit တွေရှိနေခဲ့မယ်ဆိုရင် 350 AoE, 70 Damage, 50% MS Slow, 50 AS Slow ဖြင့် တိုက်ခိုက်မယ့် Slam ကို 10 seconds ကြာတိုင်း အသုံးပြုမှာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ထားတဲ့ v6.83 Update မှာတော့ ယခင် 250 AoE ကနေ 350 AoE အထိ တိုးမြှင့်ပေးထားလိုက်တဲ့အတွက် ကျဉ်းမြောင်းတဲ့ Roshan Pit ထဲမှာ တိုက်ခိုက်တဲ့
Unit အားလုံးကို အသင့်အတင့် ထိစေမှာ ဖြစ်ပါတယ်။ အဆိုပါ Slam ဟာလည်း ကစားချိန် ၄ မိနစ် ကြာတိုင်းမှာ 20 Damage ဆီ တိုးလာမှာဖြစ်လို့ ဥပမာအနေနဲ့ မိနစ် ၆ဝ အရောက်မှာ 390 AoE Damage, မိနစ် ၁၂ဝ မှာ 690 AoE Damage အဖြစ် တိုးလာမှာ ဖြစ်ပါတယ်။

Roshan ကြီးကို သတ်လိုက်တဲ့ Team က ဘယ်သူပဲသတ်သတ် တစ်သင်းလုံး 200 Gold စီ ညီညီမျှမျှ  ရမှာဖြစ်ပြီး Last Hit လုပ်တဲ့ Hero ကတော့ အပိုဆောင်း 150 ~ 400 Gold ကို ရရှိမှာ ဖြစ်ပါတယ်။ Roshan သေသွားတဲ့ Aoe 1200 အတွင်းမှာ ရှိတဲ့ Roshan ကို သတ်လိုက်တဲ့ အသင်းသားတွေက exp 1789 ကို အညီအမျှ ခွဲရကြမှာ ဖြစ်ပါတယ်။ တကယ်လို့ Aoe 1200 အတွင်း hero ၄ ကောင်ရှိရင်
1789 exp ကို ၄ နဲ့စားပြီး 447 exp အညီအမျှဆီ ရကြမှာပါ။ တစ်ယောက်တည်း ရှိမယ်ဆိုရင်တော့ 1789 exp အကုန်လုံးကို အဲ့ဒီ့ တစ်ယောက်တည်းပဲ ရမှာဖြစ်ပြီး 1789 exp ဟာ လမ်းပေါ်က melee creep ၂၉ ကောင်နဲ့ ညီမျှပါတယ်။ ဒီ ပမာဏဟာ Deny အလုပ်မ ခံရတဲ့ Lane Creep Wave ၇ အုပ်စာနဲ့ ညီမျှပါတယ်။

Roshan ရဲ့ အဓိက အားသာချက်ကတော့ 75% Magic Resistance ရှိခြင်းပဲ ဖြစ်ပါတယ်။ 1025 Magical Damage ရှိတဲ့ Finger of Death ကဲ့သို့ Ability မျိုးသုံးမယ်ဆိုရင်တောင် 256 Damage
ကိုသာ ဖြစ်ပေါ်စေမှာ  ဖြစ်လို့ Hp သောင်းနဲ့ ချီပြီးရှိတဲ့ Roshan ကို Magical Damage နဲ့  တိုက်ခိုက်ဖို့ လုံးဝ  မသင့်တော်ပါဘူး။ ဒါကြောင့် Physical Damage နဲ့ ဝိုင်းဝန်းတိုက်ခိုက်မှသာ အကျိုး သက်ရောက်မှာဖြစ်လို့ Roshan Kill တဲ့နေရာမှာ Armor Reduction သက်ရောက်မှုဟာ အဓိကအကျဆုံး ဖြစ်ပါတယ်။ ကစားပွဲအစ 4 Armor ဟာ 19.4% Physical Damage Reduction ရှိတဲ့အတွက် Hero တစ်ကောင်က ပျှမ်းမျှ 70 Attack Damage နဲ့ တိုက်ခိုက်မယ်ဆိုရင် 56 Damage သာ သက်ရောက်မှာဖြစ်လို့ 7500 Hp ရှိတဲ့ Roshan ကို တိုက်ခိုက်ဖို့အလွန် ခက်ခဲပါလိမ့်မယ်။ Medallion of Courage ဟာ -7 Armor သက်ရောက်စေမယ့် အပြင် Roshan ရဲ့ Spell Block ကို ကျော်လွန်ပြီး Armor လျှော့စေမယ့် ခြွင်းချက် Item တစ်ခု ဖြစ်ပါတယ်။  Medallion ရဲ့ Valor ကို Roshan အပေါ် အသုံးပြုခဲ့မယ်ဆိုရင် Roshan ဟာ -3 Armor ကို ရောက်ရှိသွားမှာဖြစ်ပြီး 15.3% Physical Damage Amplification ကို ဖြစ်ပေါ်စေမှာ ဖြစ်လို့ အထက်မှာ ဖော်ပြခဲ့တဲ့ ပျှမ်းမျှ 70 Damage တိုင်းဟာ 81 Damage ဆိုပြီး တိုးပြီး ထိစေမှာဖြစ်
ပါတယ်။ ဒီ Amplification ဟာ Damage ပမာဏ များလာတာနဲ့အမျှ လိုက်ပြီး များလာမှာဖြစ်လို့ ပွဲနောက်ပိုင်းအထိလည်း Armor Reduction တိုင်းဟာ Roshan ကို အဓိက အားနည်းစေမယ့် Buff တစ်ခု ဖြစ်ပါတယ်။

ကစားပွဲအစမှာ အသင်းလိုက် Roshan Kill ဖို့အတွက် မိမိဘာသာ ရွေးချယ်မှုများစွာ ပြုလုပ်နိုင်ပါတယ်။ Range Summon များဖြင့် တိုက်ခိုက်ခြင်း (Edolons, Boar, Plague Ward), Armor Reduction (Presence of the Dark Lord, Wave of Terror), Damage Aura (Precision Aura, Com-mand Aura), Tank များ (Spirit Bear, Frost Armor), Attack Speed Slow (Frost Armor, Boar), Disarm and Miss (Fade Addict, Draken Brawler) နဲ့ Lifesteal and Heal (Open Wound, Vampires Aura, Nature’s Attendants) တို့ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ကစားပွဲ အစောပိုင်းမှာ Immortal ဟာ ကြီးကြီးမားမား အသုံးမဝင်ပေမယ့် Mid Game ကနေစပြီး အပြောင်းအလဲ များစွာဟာ Aegis အပေါ်ကို မူတည်နေတဲ့အတွက် Roshan Kill ဖို့ အစီအစဉ်ဟာ မပိုင်ဘဲ လုံးဝ မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ Roshan ဟာ အရင်ကထက် ပိုမို strong ဖြစ်လာတဲ့အတွက် အချိန်ကြာကြာ Kill ရမယ်ဆိုရင် တစ်ဖက်အသင်းက သိသွားနိုင်တဲ့ အတွက် ကိုယ့် Hero အရေအတွက် သာနေတဲ့ အခြေအနေမျိုး၊ Battle နိုင်ထားတဲ့ အခြေအနေမျိုး မဟုတ်တဲ့ အချိန်မျိုးမှာ မပိုင်ရင် လုံးဝ မိုက်ရူးရဲ မဆန်ဖို့ လိုအပ်တဲ့အတွက် ဆုံးဖြတ်ချက်မမှားဖို့ အရမ်းအရေးကြီးပါတယ်။ Smoke of Deciet, Moonlight Shadow တို့ဟာ Roshan ကုန်းထဲဝင်ဖို့နဲ့ Roshan ဝင်လုတဲ့ အခြေအနေမျိုးတွေမှာ အသုံးပြုလို့ ကောင်းတဲ့ Ability နဲ့ Item များ ဖြစ်ပါတယ်။

ကစားပွဲတစ်ခုရဲ့ အနှစ်သာရ နဲ့ အပြောင်းအလဲများဟာ Aegis of the Immortal အပေါ်ကို များစွာ သက်ရောက်နေတဲ့ အတွက် ပွဲတိုင်းမှာ မမေ့သင့်တဲ့ Immortal တစ်ခုကြောင့် မိမိအသင်းအတွက် ရလဒ်များစွာကို ပြောင်းလဲပေးနိုင်မယ့် Roshan The Immortal ဟာ Hero မဟုတ်သော Hero တစ်ကောင်ပဲ ဖြစ်ပါတော့တယ်။