ဆွစ်ဇာလန်နိုင်ငံရှိ HTMi တွင် Postgraduate Diploma in International Hotel and Tourism Management ကို တက်ရောက်သင်ကြားမည့် မဂျာဖာအောင်၏ Student

image.jpg

ဒီအပတ်မှာတော့ Hotel and Tourism Management Institute (HTMi) Switzerland မှာ Postgraduate Diploma in International Hotel and Tourism Management ကို တက်ရောက်သင်ကြားမယ့် မဂျာဖာ အောင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အမည်နဲ့ တက်ရောက်မယ့် ဘာသာရပ်၊ အတန်း၊ ကျောင်းကို ပြောပြပေးပါ။

မဂျာဖာအောင်လို့ ခေါ်ပါတယ်။ Postgraduate Diploma in International Hotel and Tourism Management ကို Hotel and Tourism Management Institute (HTMi) Switzerland မှာ သွားရောက် သင်ယူမှာ ဖြစ်ပါတယ်။

ပြည်ပမှာ ကျောင်းသွားတက်ရောက်ဖို့အတွက် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရသလဲ။

ကြိုတင်ပြင်ဆင်မှုတွေကတော့ ပြည်ပပညာရေးကို နားလည်ပြီး သေချာရှင်းပြပေးနိုင်တဲ့ Education Consultancy တွေဆီမှာ ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်နဲ့ ပတ်သက်တာကို သွားရောက်စုံစမ်း ဆွေးနွေးခဲ့ပါ တယ်။ ကျောင်းရဲ့ ၀င်ခွင့်သတ်မှတ်ချက်တွေကို လေ့လာခဲ့တယ်။ Education Documents တွေနဲ့ IELTS တွေကို ပြင်ဆင်ခဲ့တယ်။ Seminars တွေတက်ရောက်ခဲ့ပါတယ်။

ဘာလို့ Regent Consultancy ကိုရွေးချယ်ပြီး ကျောင်းအပ်ခဲ့တာလဲ။

ကျောင်းအကြောင်းစုံစမ်းဖို့ ရောက်လာတော့ ကျောင်းသူ၊ ကျောင်းသားတွေအပေါ်မှာ တကယ်ပဲ care လုပ်တယ်။ good reputation လည်းရထားတယ်။ တကယ်လည်း ယုံကြည်စိတ်ချလို့ ရွေးချယ်ခဲ့တာပါ။

Regent Consultancy ကနေတစ်ဆင့် ဘယ်လိုအကူအညီတွေ ရယူခဲ့ရသလဲ။

ပထမဆုံးအနေနဲ့ ကိုယ်တက်ချင်တဲ့ ဘာသာရပ်နဲ့ပတ်သက်တဲ့ ကျောင်းတွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ကျောင်း၊ ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့ seminar  ရှိရင်လည်း အမြဲတမ်းcontact လုပ်ပေးတယ်။  ကျောင်းတာဝန်ခံတွေနဲ့ တွေ့ဆုံနိုင်အောင် appointment  တွေ လုပ်ပေးတယ်။ Placement Test ဖြေဖို့ စီစဉ်ပေးတယ်၊ ကျောင်းလျှောက်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြောပြပေးတယ်။ အခက်အခဲအမျိုးမျိုးကြားက ဗီဇာရအောင် ကူညီအကြံပေး ခဲ့ပါတယ်။ အဲ့ဒီအတွက် Regent ကို ကျေးဇူးအများကြီးတင်ပါတယ်။

ဘာကြောင့် ဒီကျောင်းကိုတက်ရောက်ဖြစ်ခဲ့ပုံလေး ရှင်းပြပေးပါဦး။ နိုင်ငံကြောင့်လည်း ပါတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆွစ်ဇာလန်ဟာ အခု Rosa သွားတက်မယ့် Hotel and Tourism Management နဲ့  ပတ်သက်ပြီး အထင်ကရ နာမည်ကြီးထင်ရှားကျော်ကြားတဲ့ နိုင်ငံဖြစ်တယ်။ ဆွစ်ဇာလန်နိုင်ငံဆိုရင် Hotel လုပ်ငန်းနဲ့တွဲပြီး ကမ္ဘာမှာ လူသိများတာပေါ့နော်။ ပြီးတော့နိုင်ငံက safe ဖြစ်တယ်။ သင်ယူရမယ့် subjects လေးတွေကိုလည်း ကြိုက်တယ်၊ စိတ်ဝင်စားတယ်။  2 year နဲ့ Degree ၃ ခု ရမှာဆိုတော့ ပိုစိတ်ဝင်စားတာပေါ့နော်။ HTMi ရဲ့ Offer ဖြစ်တဲ့ ၆ လ Work Placement မှာ minimum wages လည်း ခံစားခွင့်ရှိတယ်။ ၆ လ Work Placement လုပ်ခွင့် ရှိတော့ ကျောင်းပြီးရင် အလုပ်ရဖို့ အခွင့်အလမ်းအများကြီး ရှိတာပေါ့နော်။ ကျောင်းမှာလည်း ကျောင်းပြီးရင် အလုပ်အကိုင် ရရှိနိုင်တဲ့ Carrier Service Center လည်းရှိတော့ ပိုကောင်းတာပေါ့။ ဒါကြောင့် ဒီကျောင်းကိုတက်ရောက်ဖို့ ရွေးချယ်ခဲ့တာပါ။

ဒီဘာသာရပ်ကို ၀ါသနာပါလို့ ရွေးချယ်ခဲ့တာလား။

ဝါသနာပါလို့ပဲ ရွေးချယ်ခဲ့တာပါ။ Rosa က လူတွေနဲ့ communicate လုပ်ရတာ စိတ်ဝင်စားပါတယ်။ Smart ကျကျနဲ့ အလုပ်လုပ်ရတာကို လည်း သဘောကျလို့ပါ။

ကျောင်းပြီးသွားရင်ရော ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ။

ကျောင်းပြီးရင် ကမ္ဘာပတ်ပြီး အလုပ်လုပ်မယ် (to gain knowledge, experience n languages) ကျောင်းပြန်ဆက်တက်မယ်။

ပြည်ပကို ကျောင်းတက်ရောက်ကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် အကြံဉာဏ်လေး ပေးပါဦး။

ပထမဦးဆုံး ကိုယ်ဘာကိုစိတ်ဝင်စားလဲ ကိုယ့်ကိုယ်ကို အရင်သုံး သပ်ပါ။ ပြီးရင် ကိုယ်တက်ရောက်လိုတဲ့ ကျောင်းတွေကို လေ့လာပါ။ Europe ကို သွားဖို့ စိတ်ကူး ထားတယ်ဆိုရင်တော့ English ကို သေချာလုပ်ပါ။ ကိုယ်တက်မယ့် ကျောင်းရဲ့ ဝက်ဘ်ဆိုက်ကို လေ့လာပြီး ကြိုတင်ပြင်ဆင်ပါ။ အဓိကကတော့ ကိုယ့်ကို လမ်းညွှန်ပေးနိုင်မယ့်၊ နားလည်တတ်ကျွမ်းတဲ့ Counselor တွေနဲ့ တိုင်ပင်ဆွေးနွေးပါလို့ အကြံပေးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။