2015 Global Undergraduate Exchange Program လျှောက်ထားနိုင်

UGRAD.jpg

အမေရိကန်သံရုံး၊ ရန်ကုန်မှ ၂၀၁၅ ခုနှစ်အတွက် Global Undergraduate Exchange Program (Global UGRAD) ပရိုဂရမ် အား လျှောက်ထားရန် ဖိတ်ခေါ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

လျှောက်လွှာ နောက်ဆုံးပေးပို့ရမည့် ရက်မှာ ၂၀၁၅ ခုနှစ် မတ်လ ၁၈ ရက်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ် (သို့မဟုတ်) ကောလိပ်တစ်ခုခုတွင် နယ်ပယ်စုံ၊ နေရာစုံမှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံပြီး များပြားလှသော exchange အတွေအကြုံများ ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်ကြားနိုင်သည့် နယ်ပယ်အနေဖြင့် ဘွဲ့ကြိုအဆင့် ပညာရေးဆိုင်ရာ နယ်ပယ်စုံသင်ကြားနိုင်ပြီး ဆေးပညာ၊ ဥပဒေ၊ အင်္ဂလိပ် ဘာသာစကားသင်ကြားခြင်းနှင့် ဆေး ဝါးပညာရပ်များအား ဘွဲ့ကြိုအဆင့်တွင် သင်ကြားပေးမည် မ ဟုတ်ကြောင်းသိရှိရသည်။

လျှောက်ထားနိုင်သူများမှာ မြန်မာနိုင်ငံသားဖြစ်ရမည်။ လက်ရှိတွင် တက္ကသိုလ်ပညာ တက်ရောက်နေသူ ဖြစ်ရမည်။ အသက်၁၈ နှစ်မှ ၂၄ နှစ်အတွင်း ဖြစ်ရမည် ဖြစ်ပြီး TOEFL အမှတ် ၅၀၀နှင့် အထက်ရှိသူဖြစ်ရမည် ဖြစ်သည်။

ထို့အပြင် ခေါင်းဆောင်မှုစွမ်းရည်ရှိပြီး အများပြည်သူအကျိုးပြု လှုပ်ရှားမူများ၊ ကျောင်းသင်ရိုးပြင်ပ နှင့် လှုပ်ရှားမူများတွင် တက်ကြွစွာ ပါဝင်သူ ဖြစ်ရမည်ဖြစ်သည်။ ပညာသင်နှစ်ဝက်ပြီးဆုံးပါက မြန်မာနိုင်ငံသို့ပြန်ရမည်ဖြစ်ပြီး ထပ်မံ၍ ပညာသင်ကြားရန်ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရသည်။

TOEFL အမှတ် မရှိသောလျှောက်ထားသူများ အနေဖြင့် အမေရိကန်သံရုံးမှ အစမ်းစာမေးပွဲ စစ်မေးမည်ဖြစ်ပြီး ပညာသင်ဆု ရရှိသူများကိုသာ offical TOEFL Test အား ဖြေဆိုစေမည်ဖြစ်သည်။

လျှောက်ထားရာတွင် အပြည့်အစုံဖြည့်စွက်ထားသော လျှောက်လွှာပုံစံ၊ တက္ကသိုလ်ပညာရေး မှတ်တမ်း နိုတြီ၊ အမှတ်စာရင်းများကို အမေရိကန်တက္ကသိုလ် အမှတ်ပေးစနစ် GPA အတိုင်း ပြောင်းပေးရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရရှိခဲ့သည့် အမှတ်စာရင်း၊ ဆရာ၊ ပါမောက္ခထံမှ ထောက်ခံစာနှစ်စောင် နီုတြိ ပြန်ဆို ထားရမည်ဖြစ်သည်။ TOEFL၊ IPT (သို့မဟုတ်) အခြား စံအင်္ဂလိပ်စာမေးပွဲ အမှတ်စာရင်း၊ TOEFL  500 နှင့်အထက်၊ ပတ်စ်ပို့ဓာတ်ပုံ နှစ်ပုံတို့ကို ပေးရမည်ဖြစ်ကြောင်း သိရသည်။

အွန်းလိုင်းမှလျှောက်ထား လိုသူများသည် RangoonUSEC@State.gov သို့ပေးပို့လျှောက်ထားနိုင်သည်။ စာရွက်စာတမ်းများကို ကိုယ်တိုင်ပေးပို့ လျှောက်ထားလို သူများအနေဖြင့် အများပြည်သူဆက်ဆံရေးဌာန၊ ယဉ်ကျေးမှုဌာနစိတ်၊ အမေရိကန်သံရုံး ၊ အမှတ် ၁၁၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ် (သို့မဟုတ်) အ မေရိကန်စင်တာ၊ အမှတ် ၁၄၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်သို့ ပေးပို့လျှောက်ထားနိုင်သည်။

အသေးစိတ် အချက်အလက်များကို http://burma.usembassy.gov/global-exchange.html တွင် လေ့လာနိုင်ပြီး ဖုန်း-၀၁-၅၃၆၅၀၉၊ ၅၀၅၁၁၃ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။