Framed (iOS)

2.jpg

Framed ဆိုသည့် Game App သည် မိမိဇာတ်လမ်းကို ပထမတွင် ဖော်ပြထားသည့် ရလဒ်မှ နောက်ထပ်ရလဒ်တစ်မျိုးပြောင်းလဲအောင် ဆော့ကစားရမည့် ဥာဏ်စမ်း ဂိမ်းတစ်ခု ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် မှုခင်းကျူးလွန်သူတစ်ဦး၏ နောက်သို့ ရဲကလိုက်လံဖမ်းဆီးသည့်အခါတွင် လွတ်မြောက်စေရန်အတွက် ပေးထားသည့် အကွက်များကို အစီအစဉ်တကျ ရွှေ့ ၍ ဆော့ကစားပြီး ပထမ ဇာတ်လမ်း ရလဒ်မှ လွတ်မြောက်နိုင် ရန်အတွက် အခန်းများကိုရွှေ့ ၍ ဆော့ကစားပေးရမည် ဖြစ်သည်။

အဆိုပါ ဂိမ်းကို  iTunes Store တွင် ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းမှသာ ဆော့ကစားခွင့်ရမည်ဖြစ်ပြီး၊ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်သည့် သြစတြေးလျ နေ့အတွက် iTunes Store မှ တစ်ရက်တာ အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။