OPPO N3 ဖုန်းအား ကြိုတင်မှာယူ စနစ်ဖြင့် ဝယ်ယူနိုင်မည်

10945044_10152673479982825_3427416361728637867_n.jpg

OPPO ၏ နည်းပညာမြင့် စမတ်ဖုန်း တစ်ခုဖြစ်သော N3 အား OPPO ၏ R5 ကဲ့သို့ပင် ကြိုတင်မှာယူ စနစ်ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ N3 ၏ ကြိုတင်မှာယူခြင်း Pre Order စနစ်အား ချစ်သူများနေ့ အကြို ပရိုမိုးရှင်းအဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး အလုံးရေ ကန့်သတ်ထားကြောင်း သိရသည်။

ကြိုတင်မှာယူ လိုသူများအနေဖြင့် ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အတွင်း OPPO ဖုန်းများ ရောင်းချပေးသော OPPO ကောင်တာရှိသည့် နီးစပ်ရာဆိုင်များတွင် ကျပ် ၆၄၉,၀၀၀ ဖြင့် အော်ဒါမှာယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ အော်ဒါမှာယူရာတွင် စရံငွေအား OPPO မှာ သတ်မှတ် ပေးထားခြင်းမရှိပဲ မိမိမှာယူသော ဆိုင်မှသတ်မှတ် ပေးသည့် ကြိုတင် စရံငွေအတိုင်းသာ ပေးသွင်းရ မည်ဖြစ်သည်။

အဆိုပါ ရက်များအတွင်းတွင် ကြိုတင်မှာယူ စနစ်ဖြင့် ဝယ်ယူသူ များအတွက် OPPO ၏ VOOC နည်းပညာ ပါဝင်သော ကျပ်ခြောက်သောင်းတန် Power Bank, N3 Smart Cover, Selfie Stick နှင့် အခြားလက်ဆောင်များအား ပရိုမိုးရှင်း လက်ဆောင်များအဖြစ် ပေးသွားမည်ဖြစ်သည်။