Facebook သုံးစွဲသူ ပြည်တွင်း ဘောလုံး ပရိသတ်များတွင် မန်ချက်စတာ ယူနိုက်တက် အားပေးသူ အများဆုံးဖြစá€

10931472_10203666184716249_952522122372624085_n.jpg

ပြည်တွင်း Facebook သုံးစွဲသူအရေအတွက် ၃,၂၀၀,၀၀၀ ကျော်တွင် အင်္ဂလိပ် ပရီးမီးယားလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲမှ မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးသည့် ပရိသတ် အရေအတွက်မှာ ၅၆၀,၀၀၀ အထိရှိလာပြီဖြစ်ပြီး အခြားသော ပြိုင်ဘက်အသင်းကြီး သုံးသင်း၏ ထိပ်ဆုံးတွင် ရှိနေကြောင်း Amara Digital Agency ၏ သုတေသန အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူ ၃ သန်းကျော်တွင် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း၏ ပရိသတ် အရေအတွက်သည် အများဆုံးဖြင့် ချယ်လ်ဆီး၊ အာဆယ်နယ်နှင့် လီဗာပူးလ်အသင်းများ၏ အထက်တွင် တည်ရှိနေခြင်းဖြစ်သည်။

ပြည်တွင်း Facebook သုံးစွဲသူ ၃ သန်းကျော်အနက် ချယ်လ်ဆီးအသင်းကို အားပေးသည့် ပရိသတ် အရေအတွက်မှာ ၃၈၀,၀၀၀ ရှိပြီး အာဆယ်နယ်အသင်း၏ ပရိသတ်ဦးရေမှာ ၃၄၀,၀၀၀ နှင့် လီဗာပူးလ်အသင်းကို အားပေးသူအရေအတွက်မှာ ၃၀၀,၀၀၀ အသီးသီးရှိကြောင်း သိရသည်။

“Facebook ပေါ်မှာ ယူနိုက်တက် ပရိသတ် အချင်းချင်း ဆုံဖြစ်ကြတာ ကောင်းပါတယ်။ အလွယ်တကူ ပိုရင်းနှီးသွားတယ်။ ပိုလည်းစည်းလုံးတယ်။ Fan Group တွေ၊ Fan Page တွေ ဖြစ်လာပြီး အဲဒီကနေ လူမှုရေး၊ ပရဟိတ လှုပ်ရှားမှုလေးတွေပါ ရှိလာတယ်။ ဒါတွေက အားသာချက်တွေပါ။ အားနည်းချက်ကတော့ Fan Base ကြီးလွန်းတဲ့အတွက် တစ်ခါတစ်လေ အမြင်မတူရင် အကွဲကွဲအပြားပြား ဖြစ်နေတာမျိုးနဲ့ အရေအတွက် အရမ်းများပြီး ညှိရတာ ခက်တာလေးတွေ ရှိတယ်” ဟု မန်ချက်စတာယူနိုက်တက်၏ လူငယ် အမျိုးသားပရိတ်သတ်တစ်ဦးက သူ၏ထင်မြင်ချက်ကို သုံးသပ်ပြောကြားသည်။

ကမ္ဘာတစ်ဝန်းတွင် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို နှစ်သက်အားပေးသူ ပရိသတ်အရေအတွက်မှာ သန်း ၇၀၀ ဝန်းကျင်ရှိလာပြီဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပြည်တွင်း Facebook သုံးစွဲမှုတွင်လည်း အများဆုံး ဖြစ်နေရခြင်းဖြစ်သည်။

“လူမှုကွန်ရက်တွေမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ပရိတ်သတ်အနေနဲ့တော့ အဓိကလုပ်ဖြစ်တာ အသင်းနဲ့ဆိုင်တဲ့ သတင်း တွေကို ဖတ်ဖြစ်တယ်။ အားပေးတဲ့သူတွေအချင်းချင်း ပြန်ပြီးမျှဝေတာတွေလုပ်ဖြစ်တယ်။ တစ်ခါတစ်လေတော့လည်း တခြား အသင်းအားပေးတဲ့ သူငယ်ချင်းတွေနဲ့ စတာ နောက်တာမျိုးတွေလည်းလုပ်တာပေါ့။ မြန်မာနိုင်ငံမှာ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ် အတော်များမယ်ထင်တယ်။ အခုလို Facebook ခေတ်စားလာချိန်မှာ ပရိတ်သတ်တွေကို တစ်နေရာတည်း များများစားစားတွေ့ရတော့ ပျော်တာပေါ့” ဟု မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးသူတစ်ဦးဖြစ်သည့် မဆုရည်မိုး က သူမ၏ ထင်မြင်ချက်ကို ပြောသည်။

ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေမှာ ၃,၂၀၈,၀၀၀ ရှိပြီဖြစ်ပြီး အဆိုပါ ကိန်းဂဏန်းများသည် ရက်သတ္တပတ် လေးပတ်တာ ကာလအတွင်း၌ အရေအတွက် ၂ သိန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။