Google Chrome Browser ကို Lock ပြုလုပ်၍ ကာကွယ်ခြင်း

Untitled3.jpg

PC အသုံးပြုနေတဲ့သူတွေ အနေနဲ့ အင်တာနက် အသုံးပြုတဲ့ အခါမှာ Google Chrome Browser ကိုလည်း အသုံးပြုကြမှာပါ။ Google Chrome Browser ကို အသုံးပြုသူတွေအနေနဲ့ အခြားသော ဝက်ဘ်ဆိုက်တွေမှာဝင်တဲ့ Password တွေကို Chrome Browser ပေါ်မှာ လုံခြုံစိတ်ချစွာနဲ့ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

ဒီလို သိမ်းဆည်းထားတဲ့အတွက် မိမိမရှိတဲ့ အခါမျိုးမှာ စက်ကိုအခြားသူတစ်ယောက်က ဝင်ရောက်သုံးစွဲပြီး Save Password တွေကို ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိစေ ဖို့အတွက် ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။ မိမိမရှိတဲ့ အခါမှာ အခြားသူတွေက ကိုယ်အသုံးပြု နေတဲ့ Chrome Browser ကို ဝင် ရောက်အသုံးပြုမယ်ဆိုရင် Guest အနေနဲ့သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Chrome Browser ကို အခြားသူတွေ ဝင်ရောက်ပြီး Save Password တွေကို ရှာဖွေအသုံး မပြုနိုင်စေဖို့အတွက် သီးသန့် Password တွေ ထည့်သွင်းစရာမလိုဘဲ Google Account မှာ အသုံးပြုတဲ့ Password ကို ရိုက်ထည့်လိုက်ရုံနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မိမိ Password တွေကိုGoogle Chrome ပေါ်မှာ သိမ်းဆည်း ထားချင်သူတွေ အနေနဲ့ အောက်ဖော်ပြပါအတိုင်း အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ပထမဦးဆုံး Chrome Browser ကိုဖွင့်ပါ။ Chrome Browser ကို ဖွင့်ပြီးသွားရင် Address Bar မှာ chrome://flags ဆိုပြီး ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ပြီးသွားပြီ ဆိုရင်တော့ ” Enable new profile management system Mac, Windows, Linux, Chrome OS, Android OS” ဆိုတာကို ရှာဖွေ ရမှာ ဖြစ်ပါတယ်။ အဆိုပါနေရာ ကို တွေ့ပြီဆိုရင် အောက်ဘက်မှာ Default ဆိုပြီး ရွေးချယ်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Default ဘေးနားမှာရှိတဲ့ Down Arrow Button လေးကို နှိပ်ပြီး “Enable” ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ Relunch Now ဆိုတဲ့ Button လေးကို အောက်ဘက်မှာ ရှာဖွေပြီး နှိပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Chrome Browser ဟာ Restart ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အဆင့်ကတော့ ကိုယ့်ရဲ့ Password တွေကို အခြားသူတွေ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိစေဖို့အတွက် Chrome Browser ပေါ်မှာ Config ဝင်လုပ်တဲ့ အဆင့်ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ Chrome Browser ညာဘက်အပေါ်ဆုံး ထောင့်ဘားလေးမှာ Down Arrow နဲ့ မိမိအမည် ပူးတွဲပြီး ပေါ်နေတာ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါနေရာကို နှိပ်လိုက်ရင် Lock ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကိုယ်က အသုံးမပြု တော့ဘူးဆိုတဲ့ အချိန်မှာ အဆိုပါ Lock ကို နှိပ်လိုက်ရင် Chrome Browserဟာ Lock  ဖြစ်သွားမှာ ဖြစ်ပါတယ်။

အခြားလူတစ်ဦးက ဝင်ရောက်အသုံးပြုမယ်ဆိုရင်တော့ Browseras Guest ဆိုတာကို ရွေးချယ်ပြီးမှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ အခြားလူတစ်ယောက်ကိုလည်း Guest အနေနဲ့ အသုံးမပြုလိုဘူးဆိုရင်တော့ အဆိုပါလူရဲ့ Google Account နဲ့ Password ကို အသုံးပြုပြီး မိမိဘာသာ Login တစ်ခုဖန်တီးပြီး ဝင်ရောက် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ မိမိပြန်လည် အသုံးပြုမယ်ဆိုရင် ကိုယ့်ရဲ့ Account Logo လေးမှာ ကလစ်နှိပ်လိုက်ရင် Google Account Password ကို ရိုက် ထည့်ဖို့အတွက် Password Box ကို တွေ့ရမှာဖြစ်ပြီး အဆိုပါနေရာကနေ Password ကို ရိုက်ထည့်ကာ ဝင်ရောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အထက်ဖော်ပြပါ အချက်တွေဟာ Chrome Browser ကို Lock ချတဲ့ နည်းလမ်းဖြစ်ပါတယ်။