kiosk mode (Windows assigned access)

Kiosk mode ဆိုသည်မှာ application တစ်ခုတည်းကိုသာ အသုံးပြုနိုင်စေမည့် Windows operating system (OS) feature တစ်ခု ဖြစ်သည်။

Kiosk mode သည် Windows ထုတ်ကုန်တစ်ခုတွင် သီးခြား လုပ်ဆောင်ချက်တစ်ခု သို့မဟုတ် public setting တစ်ခုကို အသုံးပြုသည့်အခါတွင် ထုတ်ကုန်ကို အကန့်အသတ်ဖြင့် သုံးစွဲနိုင်သည်။ ဥပမာ point-of-sale (POS) application တစ်ခုတွင် kiosk mode သည် သုံးစွဲသူများအား application နှင့် အခြား app များကို tab ဖြင့် ကူးပြောင်း ကြည့်ရှုခြင်း၊ အရေးပါသည့် tool များကို ပိတ်ခြင်းနှင့် ကွန်ပျူတာအသုံးပြုခြင်းကို အနှောင့်အယှက် ဖြစ်စေခြင်းတို့အား ကာကွယ်ပေးနိုင်သည်။ ကွန်ပျူတာစတိုးတစ်ခုတွင် kiosk mode သည် အရာအားလုံးကို ကန့်သတ်ထားကာ ဖောက်သည်များအား application တစ်ခုကို သရုပ်ပြသခြင်းဖြင့် ထောက်ပံ့ပေးနိုင်သည်။ Kiosk mode ကို Windows XP, Windows Vista, Windows 7 နှင့် Windows 8 တို့တွင် အသုံးပြုနိုင်သည်။ Windows 8.1 တွင် kiosk mode ကို assigned access အနေဖြင့် အသုံးပြုထားသည်။

Windows XP, Windows Vista နှင့် Windows 7 ကဲ့သို့သော သက်တမ်းရင့် operating system များတွင် kiosk mode ကို အသုံးပြုရန်အတွက် Windows Registry ကို ပြောင်းလဲရန် လိုသည်။ အဆိုပါ ပြောင်းလဲမှုကို regedit.exe သို့မဟုတ် regedt32.exe ကဲ့သို့သော tool များဖြင့် ပြုလုပ်နိုင်သည်။ Registry ပြောင်းလဲရာတွင် ကျွမ်းကျင်မှုရှိရန် လိုအပ်သည်။ မှားယွင်းသည့် registry ပြင်ဆင်မှုများ ပြုလုပ်မိပါက ကွန်ပျူတာ boot မတက်သည့် ပြဿနာမျိုးနှင့် ကြုံတွေ့နိုင်သည်။

Kiosk mode သည် PowerPoint တွင် slideshow တစ်ခုအား ဆက်တိုက်ပြသသည့် slideshow mode လည်း ဖြစ်သည်။