iTools ဆော့ဖ်ဝဲ အသုံးအပြု၍ iOS နှင့် Android OS ဖုန်းနှစ်ခုရှိ ဖုန်း Contact များအား အပြန်အလှန် ပြောင်းလဲ အသုံá

User-Guide10.jpg

iOS နဲ့ Android OS ဖုန်းတွေ ပေါ်မှာရှိနေတဲ့ ဖုန်း Contact တွေကို iOS ကနေ Android ပေါ်၊ Android ကနေ iOS ပေါ်ကို အပြန်အလှန် ပြောင်းလဲ အသုံးပြုမယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီလိုပြောင်းလဲ အသုံးပြုတဲ့ နေရာမှာတော့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ iOS နဲ့ Android OS တို့နှစ်ခုရဲ့ Contact ဖိုင်အမျိုး အစားတွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြတဲ့အတွက် OS တစ်ခုပေါ်ကနေ နောက်ထပ် တစ်ခုပေါ်ကို ပြောင်းလဲ အသုံးပြုနိုင်ဖို့အတွက် Contact ဖိုင်တွေကို ဖိုင်အမျိုးအစား (File Format) ပြောင်းလဲ အသုံးပြုရပါမယ်။

ပထမဆုံး အနေနဲ့ Android OS ဖုန်းပေါ်မှာ ရှိနေတဲ့ Contact တွေကို iPhone ပေါ်ကို ပြောင်းလဲ အသုံးပြုနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးပါမယ်။ Android OS ဖုန်းပေါ်မှာ ရှိနေတဲ့ Contact တွေကို iPhone ပေါ်ကို ပြောင်းလဲထည့်သွင်း အသုံးပြုဖို့အတွက် ပထမဆုံး အနေနဲ့ Android ရဲ့ Contact ဖိုင်ဖြစ်တဲ့ vcf ဖိုင်ကိုအရင်ဆုံး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး အနေနဲ့ Android ဖုန်းပေါ်မှာရှိ နေတဲ့ Contact တွေကို ဖုန်းရဲ့ SD Card ပေါ်ကို Export ပြုလုပ်ပြီး Backup ပြုလုပ်ပါ။ Contact Backup ပြုလုပ်ဖို့အတွက် Android ဖုန်းရဲ့ Contact ကိုဖွင့်ပြီး Menu ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Export ကိုနှိပ်ပြီး ကိုယ့်ရဲ့ Contact တွေကို SD Card ပေါ်ကို Backup ပြုလုပ်လိုက်ပါ။ အချို့ဖုန်း တွေမှာတော့ Export/ Import ဆိုပြီး အရင်ပေါ်ပါတယ်။ Export/ Import ကနေမှ တစ်ဆင့်ကိုယ် Backup ပြုလုပ်မယ့် နေရာကို ရွေးချယ်နိုင်ပါတယ်။

Backup ဖိုင်ရရှိပြီ ဆိုရင်တော့ vcf Contact ဖိုင်ကို ဖုန်းထဲနေပြီး ကွန်ပျူတာပေါ်ကို ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်။ ကွန်ပျူတာပေါ်မှာ Android Contact ဖိုင် vcf ဖိုင်အမျိုးအစား ကိုရရှိပြီ ဆိုရင်တော့ iPhone ကို ကွန်ပျူတာမှာ ချိတ်ဆက်လိုက်ပါ။ iPhone ကို ကွန်ပျူတာမှာ ချိတ်ဆက်ပြီး ချိန်မှာတော့ iTools ဆော့ဖ်ဝဲကိုဖွင့်ပြီး iTool နဲ့ iPhone နဲ့ကို ချိတ်ဆက်ပေးလိုက်ပါ။

iTool ကိုဖွင့်ပြီး iPhone နဲ့ ချိတ်ဆက်မိသွားတဲ့ အချိန်မှာ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

မြင်ကွင်းမှာရှိနေတဲ့ Information ကိုနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းပေါ် မှာရှိနေတဲ့ Import ဆိုတဲ့ နေရာကို နှိပ်လိုက်ရင် မိမိထည့်သွင်းမယ့် ဖိုင်အမျိုးအစားကို ရွေးချယ်နိုင်တဲ့ အကွက်လေး ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ ဖိုင်ရွေးချယ်မယ့် အကွက်ထဲမှာ Android Contact ဖိုင်အမျိုးအစားဖြစ်တဲ့ vcf ဖိုင်အမျိုးအစားကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ထည့်သွင်းမယ့် Contact ဖိုင်ကို ရွေးချယ်ပေးဖို့အတွက် ကွန်ပျူတာရဲ့ စနစ်ထဲကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ကွန်ပျူတာ ပေါ်မှာရှိနေတဲ့ Android Contact တွေကို Backup ပြုလုပ်ထားတဲ့ vcf ဖိုင်ကို ရွေးချယ်ပြီး ထည့်သွင်းပေးလိုက်ပါ။ ကိုယ်ရွေးချယ် ပေးလိုက်တဲ့ vcf ဖိုင်ကို ဆော့ဖ်ဝဲနဲ့ ချိတ်ဆက် ပေးလိုက်တဲ့ အခါမှာခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ ကိုယ့်ရဲ့ vcf ဖိုင်မှာရှိနေတဲ့ Contact တွေကို ဆော့ဖ်ဝဲက ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ ဖုန်းနံပါတ်တွေ အားလုံးကို Select ပြုလုပ်ပြီး မှတ်သား လိုက်ပါ။ ပြီးရင်တော့ iTool ရဲ့အပေါ်ဘားတန်း ညာဘက်ထိပ်မှာရှိနေတဲ့ Apply ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။

ဒါဆိုရင် Android Contact ဖိုင်ဖြစ်တဲ့ vcf ဖိုင်ထဲမှာ ရှိနေတဲ့ Contact တွေကို iPhone ပေါ်ကို ထည့်သွင်း ပေးလိုက်မှာ ဖြစ်ပါတယ်။

ဒါကတော့ iTools ဆော့ဖ်ဝဲကို အသုံးပြုပြီး Android ဖုန်းပေါ် မှာရှိနေတဲ့ Contact တွေကို iPhone ပေါ်ကို ပြောင်းလဲ အသုံးပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒုတိယ နည်းလမ်း တစ်ခုအနေ နဲ့ iPhone ပေါ်မှာရှိနေတဲ့ Contact တွေကို iTools ဆော့ဖ်ဝဲကို အသုံးပြုပြီး Android OS ပေါ်ကိုပြောင်းလဲ အသုံးပြု နိုင်ဖို့အတွက် ပြုလုပ်မှာ ဖြစ်ပါတယ်။

iPhone Contact တွေကို Android ဖုန်းပေါ်ကို ပြောင်းလဲဖို့အတွက် ပထမဆုံးကိုယ့်ရဲ့ iPhone ကို ကွန်ပျူတာမှာ ချိတ်ဆက်ပြီး iTool ကိုဖွင့်လိုက်ပါ။ iTools ဖြင့် ချိတ်ဆက်မိပါက ခုလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိ နေတဲ့ Information ဆိုတဲ့စနစ် ကိုနှိပ်လိုက်ပါ။

Information စနစ်ထဲကို ဝင်လိုက်ရင်တော့ ကိုယ့်ရဲ့ ဖုန်းထဲမှာ ရှိနေတဲ့ Contact တွေကိုမြင်တွေ့ နေရမှာ ဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ Contact တွေအားလုံးကို Select ပြုလုပ်မှတ် သားလိုက်ပြီး အပေါ်မှာရှိနေတဲ့ Export ကိုနှိပ်လိုက်ပါ။

Export ကို နှိပ်လိုက်ရင်တော့ ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ Contact တွေကို ဘယ်ဖိုင်စနစ်နဲ့ Backup ပြုလုပ်မယ် ဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကိုယ်က iPhone ပေါ်က Contact တွေကို Android ပေါ်ကိုပြောင်းလဲ အသုံးပြုမှာ ဖြစ်တဲ့အတွက် Android OS ဖုန်းတွေမှာ အသုံးပြုတဲ့ Contact စနစ်ဖြစ်တဲ့ vcf ဖိုင်စနစ်ကို ရွေးချယ်ပေးလိုက်ပါ။

Contact ဖိုင်ကို ကွန်ပျူတာရဲ့ ဘယ်နေရာမှာ မှတ်သားမယ် Save လုပ်မယ်ဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ကွန်ပျူတာထဲမှာ ကိုယ့်စိတ်ကြိုက် နေရာတစ်ခုကို ရွေးချယ်ပြီး ဖိုင်ကို Save လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Android OS ဖုန်းတွေပေါ်မှာ အသုံးပြုနိုင်မယ့် Contact ဖိုင်စနစ် တစ်ခုဖြစ်တဲ့ vcf Contact ဖိုင်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။

ယင်းကဲ့သို့ ပြုလုပ်ထားတဲ့ vcf Contact ဖိုင်ကို Android ဖုန်းတွေမှာ အလွယ်တကူ ထည့်သွင်းပြီး အသုံးပြု နိုင်ပါတယ်။ vcf Contact ဖိုင်ကို Memory Card ထဲမှာ ထည့်သွင်းပြီး Android ဖုန်းရဲ့ Contact စနစ်ထဲကနေ Import ပြုလုပ်ပြီး ထည့်သွင်း အသုံးပြုနိုင်သလို ကွန်ပျူတာမှာ Android ဖုန်းကို ချိတ်ဆက်ပြီး ကွန်ပျူတာ ကနေ ဖုန်းထဲကို တိုက်ရိုက် ထည့်သွင်းပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Apple Device တွေပေါ်မှာ အသုံးပြုတဲ့ iCloud ပေါ်က iPhone Contact တွေကို Export ပြုလုပ်တဲ့ နည်းလမ်းနဲ့လည်း iPhone Contact တွေကို Android ဖုန်းတွေပေါ်မှာ အသုံးပြုနိုင်တဲ့ vcf Contact ဖိုင်အဖြစ် ပြောင်းလဲ ရယူအသုံးပြု နိုင်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ Android မှ Apple, Apple မှ Android သို့ Contact များပြောင်းရွှေ့ အသုံးပြုခြင်း စနစ်နှစ်ခုမှာ Apple Contact တွေကို Android ပေါ်ကို ပြောင်းရွှေ့ အသုံးပြုတဲ့ နေရာမှာ အခက်အခဲ မရှိနိုင် ပေမဲ့လည်း Android ပေါ်ကနေပြီး Apple ပေါ်ကို ပြောင်းရွှေ့ အသုံးပြုခြင်း စနစ်မှာတော့ ကိုယ်ပြုလုပ်လိုက်တဲ့ Android Contact ဖိုင်ဟာ ဖိုင်အရွယ်အစား ကြီးမားနေမယ် ဆိုရင်တော့ Apple ပေါ်ကိုပြောင်းရွှေ့ဖို့ အတွက် ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် Android Contact vcf ဖိုင်တွေ ပြုလုပ်တဲ့ အချိန်မှာ Contact အရေအတွက် ပျမ်းမျှ ၂၀ ခန့်စီခွဲပြီး ဖိုင်တွေ ပြုလုပ်သင့် ပါတယ်။ ဒါ့အပြင်ဖုန်း Contact မဟုတ်တဲ့ အခြား mail Contact တွေ ရောနှောနေတာမျိုးနဲ့ Facebook, Viber Contact တွေရောနှော ပါဝင်နေတာမျိုးတွေ ရှိမယ်ဆိုရင်လည်း အဲဒီ Android Contact ဖိုင်ဟာ Apple Device ပေါ်ကို ထည့်သွင်းနိုင်မှာ မဟုတ်ပါဘူး။

Contact တွေ ပြောင်းရွှေ့ အသုံးပြုခြင်းမှာတော့ ယခုဖော်ပြခဲ့တဲ့ စနစ်နှစ်ခုဟာ iTools Application ကို အသုံးပြုပြီး ပြောင်းရွှေ့တဲ့ နည်းလမ်းဖြစ်ပြီး Apple ရဲ့ iCloud ကို အသုံးပြုပြီးတော့လည်း Contact တွေကို Apple မှ Android, Android မှ Apple သို့ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။