Intel Security Company နှင့် KMD တို့ ပူပေါင်းကာ McAfee Security App အားမိတ်ဆက်ပြသ

10926221_10204012691217457_6776244176463147168_n.jpg

Intel Security Company နှင့် KMD တို့ ပူးပေါင်းကာ McAfee Security App အား ဇန်နဝါရီလ ၂၀ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel တွင် စတင်မိတ်ဆက်ခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်မှစတင်ကာ KMD နှင့် စပ်ဆက်သည့် အရောင်းဆိုင်ကြီးများနှင့် မိုဘိုင်းဆိုင်များတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း KMD မှ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ App အား Mobile နှင့် PC ပေါ်တွင် အသုံးပြုနိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ပြီး မိမိ၏ Mobile နှင့် PC အား Virus နှင့် Malware များမှ ကာကွယ်နိုင်သော Application ဖြစ်သည်။ WiFi-Network များကြားတွင်လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် Mobile Phone နှင့် Tablet ပျောက် ဆုံးခဲ့လျှင် ဆင်းမ်ကတ်အားဖြုတ်ခြင်း၊ လဲလှယ်ခြင်းပြုလုပ်ပါက အချက်အလက် ( Data) များအား အခြားသူတစ်ဦးမှ မရရှိအောင် ကာကွယ်ပေးပြီး Cloud Storage ပေါ်တွင် Backup and Restore ပြုလုပ်ထားမည်ဆိုပါက အချက်အလက်များ (Data) အား အလွယ်တကူ ပြန်လည်ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

၎င်း App အား Play Store ပေါ်တွင် Download ပြုလုပ်နိုင်မည်ဖြစ်ပြီး Register Number များအား ဝယ်ယူရမည်ဖြစ်သည်။ ဈေးနှုန်းအနေဖြင့် Moblie ပေါ်တွင် အသုံးပြုလိုပါက ၄,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး PC ပေါ်တွင် အသုံးပြုမည်ဆိုပါက ၆,၀၀၀ ကျပ် ကျသင့်မည်ဟု သိရသည်။