ADATA PT100 Power Bank

ADATA-PT100-Power-Bank.jpg

အားသိုလှောင်သိမ်းဆည်းမှုမှာ 10000mAh ဖြစ်ပြီး USB Port နှစ်ခုပါဝင်သောကြောင့် ထုတ်ကုန်နှစ်ခုကို တစ်ပြိုင်နက် အားသွင်းနိုင်မည် ဖြစ်သည်။ အဖြူနှင့် အပြာ စပ်ထားသော အရောင်နှင့် အမည်းနှင့် အစိမ်းစပ်ထားသောအရောင်ဟူ၍ အရောင်နှစ်မျိုးရရှိနိုင်မည် ဖြစ်သည်။ LED Flash Light ပါဝင်သည့် အတွက် ဓာတ်မီး အနေဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ယခုဝင်ရောက်လာသည့် Power Bank မှာ ဖုန်းကိုတပ်လိုက်သည်နှင့် မည်သည့်ခလုတ်မှ နှိပ်စရာမလိုဘဲ အလိုအလျောက် အားသွင်းပေးမည် ဖြစ်ပြီး အားပြည့်သွားပါက အလိုအလျောက်ဖြတ်ချပေးမည် ဖြစ်သည်။ Power Bank ထဲတွင် အားမည်မျှရှိသည်ကို ပြသပေးသည့် LED Indicator လည်း ပါဝင်သည်။ အာမခံသုံးနှစ်ပေးထားသည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၂၂ ဖြစ်ပြီး Micro Computer Co., Ltd. ဖုန်း ၀၁-၂၉၄၅၀၃၊ ၂၀၂၄၅၃ သို့ ဆက်သွယ်ဝယ်ယူနိုင်သလို ရန်ကုန်မြို့ရှိ ကွန်ပျူတာဆိုင်ကြီးများ၌လည်း ၀ယ်ယူရရှိနိုင်မည် ဖြစ်သည်။

တန်ဖိုး – USD 22

ဖုန်း –  ၂၉၄၅၀၃