User Interface (UI)

အချက်အလက် နည်းပညာတွင် user interface (UI) သည် အချက်အလက်ထုတ်ကုန် တစ်ခုတွင် လူသားနှင့် အပြန်အလှန် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုထားသည့် အရာအားလုံးဖြစ်သည်။ ၎င်းတွင် display screen, keyboard, mouse, light pen အပြင် desktop တစ်ခု၏ အသွင်အပြင်၊ အရောင်ဖြင့် ဖော်ပြနိုင်သည့် အက္ခရာများ၊ help message များနှင့် application program ဒါမှမဟုတ် website တစ်ခုမှ ဖိတ်ကြားမှုများကို အပြန်အလှန် တုံ့ပြန်ဆောင်ရွက်ခြင်းများ ပါဝင်သည်။ အစောပိုင်း ကွန်ပျူတာများတွင် user interface အနည်းအကျဉ်းမျှသာ ရှိခဲ့သည်။

နောက်ပိုင်းတွင် သုံးစွဲသူတစ်ဦးက ကွန်ပျူတာတစ်လုံးနှင့် အပြန်အလှန် ဆောင်ရွက်နိုင်မည့် လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ user interface သည် command line, keyboard နှင့် command များ ပါဝင်သော display screen တစ်ခုဖြစ်သည်။ အဆိုပါ command line interface တွင် စာသားများဖြင့်သာ ပြုလုပ်နိုင်ခဲ့သည်။ Xerox ၏ Palo Alto သုတေသနစင်တာမှ စတင်ပြုလုပ်ခဲ့သော graphical user interface (GUI) ပေါ်ပေါက်လာသည့်အခါ Apple Computer မှ ရွေးချယ်အသုံးပြုကာ အဆင့်မြှင့်တင်ခဲ့သည်။ ထို့နောက်တွင် Microsoft က ၎င်း၏ Windows operating system များတွင် GUI ကို စံအဖြစ် အသုံးပြုခဲ့သည်။