Lego ဒီဇိုင်းနှင့် ဆင်တူသော Project Ara စမတ်ဖုန်းကို Google မှတင်ပို့ ရောင်းချရန် စီစဉ်

Ara-smartphone.jpg

Google သည် ယခုနှစ်ကုန် ပိုင်းခန့်တွင် Lego ဒီဇိုင်းနှင့် ဆင်တူသော Project Ara စမတ်ဖုန်းကို တင်ပို့ရောင်းချ နိုင်ရန်အတွက် ၎င်းစမတ်ဖုန်း၏ အစိတ်အပိုင်းများကို developer များသို့ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ အနေဖြင့် ၎င်းထုတ်ကုန် ဖြန့်ချိရောင်းချမည့် အချိန်တွင် လိုအပ်မည့် hardware များကို ရရှိရန်လည်း ဆောင်ရွက်နေလျက် ရှိကြောင်းသိရသည်။ ယခုရက်သတ္တပတ်တွင် Google သည် စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်သော Ara စမတ်ဖုန်း၏ hardware များကို သုံးစွဲသူများအတွက်  Project Ara store တွင် ဝယ်ယူနိုင်မည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။ Project Ara စမတ်ဖုန်းဖြင့် တွဲဖက်အသုံးပြုရန် အင်တာနာ၊ ကင်မရာ၊ အာရုံခံစနစ်၊ မျက်နှာပြင်နှင့် ဘက်ထရီကဲ့သို့ အစိတ်အပိုင်းများကို ဖန်တီးရန် developer များကို အားထားနေလျက် ရှိသောကြောင့် ၎င်း hardware အစိတ်အပိုင်းများကို developer များအတွက် ရည်ရွယ်၍ Google မှ ရောင်းချပေးသွားမည် ဖြစ်သည်။

Google သည် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များကြား ရေပန်းစားသော Lego အတုံးလေးကဲ့သို့ ဒီဇိုင်းပုံစံကို မှီး၍ Ara စမတ်ဖုန်းကို ထုတ်လုပ်ရန် စီစဉ်ထားလျက် ရှိသည်။ Google အနေဖြင့် developer များအတွက် အခြေခံ စမတ်ဖုန်း ဘေးဘောင်ကို စတင်ရောင်းချ ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူများ အနေဖြင့် ထုတ်ကုန်၏ ဘေးဘောင်များကို အလွယ်တကူ ဖြုတ်တပ်ကာ feature များကို ထည့်သွင်းစမ်းသပ် နိုင်မည်ဖြစ်သည်။ ၎င်းအခြေခံ စမတ်ဖုန်း ဘေးဘောင်ကို ကန်ဒေါ်လာ ၅၀ အောက်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ပြီး အခြား အစိတ်အပိုင်းများကို သီးခြားစီ ရောင်းချပေးသွားမည် ဖြစ်သည်။

Ref: ComputerWorld