
အချိန်တိုအတွင်း စမတ်ဖုန်း ဈေးကွက်တွင် အောင်မြင်မှု ရရှိလာသည့် Xiaomi သည် ၎င်း၏ နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်သော Mi Note ကိုမိတ်ဆက် ပေးခဲ့သည်။
Mi Note တွင် ၅.၇ လက်မ full-HD display ပါဝင်ပြီး Snapdragon 801, 3GB RAM, 13 MP ကင်မရာတို့ကို အသုံးပြုထားသည်။ ထို့အပြင် dual LTE ချိတ်ဆက်မှုဖြင့် သုံးနိုင်သည့် dual-SIM ကိုလည်း ထောက်ပံ့ပေးထားသည်။
အဆိုပါဖုန်း၏ မျက်နှာပြင်နှင့် ကျောဘက်ကို Gorilla Glass 3 ဖြင့် ကာကွယ်ပေးထားသည်။ အရှေ့ဘက်ကို 2.5D curved glass ဖြင့် ကာကွယ်ထားပြီး ကျောဘက်ကို 3D curved glass ဖြင့် ကာကွယ်ထားသည်။ ဖုန်း၏အထူမှာ ၆.၉၅ မီလီမီတာ ဖြစ်သည်။ ထို့အပြင် ၅.၇ လက်မ full-HD display ၏ bezel မှာ အလွန်ပါးလွှာပြီး ၃.၀ မီလီမီလီတာသာ ရှိသည်။
၎င်းတွင် 2.5 GHz quad-core Snapdragon 801 CPU နှင့် Adreno 330 GPU တို့ကို အသုံးပြုထားသည်။ 13 MP ကင်မရာတွင် Sony ၏ IMX214 CMOS sensor နှင့် IOS module တို့ကိုအသုံးပြု ထားသည်။ အဆိုပါ ကင်မရာကို two-tone LED flash ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက် ကင်မရာမှာ 4 MP ဖြစ်သည်။ အခြားသော အချက်လက်များမှာ 3GB RAM, 16/64GB internal storage, dual-SIM (microSIM, nano-SIM), dual 4G ချိတ်ဆက်မှု (FDD-LTE, TD-LTE) နှင့် 3000 mAh ဘက်ထရီတို့ ဖြစ်သည်။
Mi Note ကို 16GB အတွက် ၂၂၉၉ ယွမ် (ဒေါ်လာ ၃၇၀) နှင့် 16GB အတွက် ၂၇၉၉ ယွမ် (ဒေါ်လာ ၄၅၀) ဖြင့်ရောင်းချမည် ဖြစ်သည်။
Ref: AndroidCentral