Nintendo 3DS အတွက်ဂိမ်းခွေသစ်များစွာထွက်ရှိ

3DS.jpg

Pokemon ဇာတ်လမ်းအသစ်များနှင့်အတူ 3DS ဂိမ်းဇာတ်လမ်းသစ်များစွာ ထွက်ရှိလာကြောင်း သိရသည်။

“3DS ဂိမ်းစက် ရွေးချယ်ဝယ်ယူမှုနဲ့ ဂိမ်းခွေအသုံးပြုဖို့အတွက် အနည်းငယ် ရှုပ်ထွေးပါတယ်။ အရှင်းဆုံး ပုံစံနဲ့ ရှင်းပြရမယ်ဆိုရင် version နဲ့ ဂိမ်းစက်/ဂိမ်းခွေတွေရဲ့ region ပေါ် မူတည်ပါတယ်။ Version ကတော့
ရှင်းပါတယ်။ Setting ထဲ ဝင်လိုက်ရင် တွေ့ နိုင်ပါတယ်။ Region ပိုင်းမှာ အဓိက Japan, China, Korea, Europe, USA ဆိုပြီး အဓိက region ကြီး ၅ ခု ရှိပါတယ်။ 3DS စက်တွေမှာ Customer တွေကို စိတ်ရှုပ်စေတာကတော့ region ခွဲခြားမှုပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ Japan region အလုံးဆိုရင် Japan အခွေနဲ့ပဲ ကစားနိုင်မှာ ဖြစ်ပါတယ်။ Jail break Card ကိုလည်း Sky Card နဲ့ Gateway ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ Sky Card ကတော့ အသုံးပြုရလွယ်ကူပြီး version မရွေးပါဘူး။ ဒါပေမဲ့ region ရွေးပါတယ်။ Japan region စက်ဆို USA version ခွေ ထည့်မသုံးနိုင်ပါဘူး။ Gateway ကတော့ version 9.2 ထိပဲ သုံးလို့ရပေမယ့် region unlock လုပ်ထားပါတယ်။ ဒါကြောင့် Gateway user တွေအတွက် Japan စက်တွေမှာ US version အခွေတွေ သုံးနိုင်ပါတယ်။ ယခုအသစ်ထွက်ရှိတဲ့ အခွေတွေမှာလည်း version အစုံ၊ region အစုံထွက်ရှိတာကြောင့် မိမိရဲ့  3DS စက်နဲ့လိုက်ဖက်မယ့် JB Card တွေကို အထက်ပါ အချက်တွေနဲ့ စစ်ပြီးရွေးချယ်နိုင်ပါတယ်” ဟု PHYO IT PLAZA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသေးစိတ် အချက်အလက်များကို PHYO IT PLAZA ဖုန်း ၀၂-၃၃၄၃၁ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။