120Hz မျက်နှာပြင် ထောက်ပံ့ထားတဲ့ Sony Xperia 5 II

Sony ကတော့ ဓာတ်ပုံနဲ့ ဗီဒီယိုပိုင်းအတွက် Xperia 5 II ကိုမိတ်ဆက်လိုက်ပါတယ်။ Sony Xperia 5 II ကတော့ ဒေါ်လာ ၁,၂၀၀ Xperia 1 II နဲ့ဆင်ပါတယ်။

Xperia 5 II ဖုန်းမှာ 120Hz refresh rate မျက်နှာပြင်နဲ့ 4K 120fps 10-bit ဗီဒီယိုတို့ ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၅၀ ကျသင့်ပါမယ်။

Xperia 5 II နဲ့ Xperia 1 II ကတော့ အတော်ဆင်ပါတယ်။ ဖုန်း ၂ မျိုးစလုံး မှာ Snapdragon 865 ပရိုဆက်ဆာ ပါဝင်ပြီး EyeA, Photo Pro နဲ့ Cinema Pro software အပြင် ကင်မရာ ၃ လုံး ပါဝင်မှုလည်း တူပါတယ်။ ဘက်ထရီပမာဏနဲ့ shutter ခလုတ်ပါတာလည်း တူပါတယ်။ ဖုန်းတွေမှာ 5G မပါဝင်ပါဘူး။

ဖုန်း ၂ မျိုးအကြားက ကွာခြားချက်ကတော့ Xperia 5 II မှာ မျက်နှာပြင်အရွယ် ၆.၁ လက်မ Full-HD display နဲ့ 120Hz refresh rate ပါဝင်ပေမယ့် Xperia 1 II မှာတော့ 60HHz refersh rate နဲ့အတူ 4K display တို့ပါဝင်လာပါတယ်။ Xperia 5 II ကတော့ 4K 120fps ဗီဒီယိုရိုက်ကူးနိုင်ပေမယ့် Xperia 1 II ကတော့ 4K 60fps အထိ ရိုက်ကူးနိုင်ပါတယ်။ Xperia 5 II မှာတော့ storage 128GB ဖြစ်ပေမယ့် Xperia 1 II မှာက 256GB အထိ ပါဝင်လာပါတယ်။

Xperia 5 II ဖုန်းမှာတော့ အပူချိန်လျှော့ချပေးဖို့ အထူး grapheme အလွှာတစ်ခု ပါဝင်ပါတယ်။ ဒါ့အပြင် အပူချိန်ကို လျှော့ချမယ့် H.S Power Control mode လည်း ပါဝင်တာကြောင့် ဖုန်းအားသွင်းနေတဲ့ ဘက်ထရီက ပြင်ပစွမ်းအင်ကို ပြောင်းလဲနိုင်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««